Backdraft 2
"ရှောင်" ဆိုတဲ့ လူတစ်ယောက်ဟာ မီးသတ်လောကထဲ ဝင်ရောက်လာပြီး မီးရှို့မှုစုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ မီးရဲ့သဘာဝကို ကောင်းကောင်းနားလည်ပြီး အလုပ်မှာ ထူးချွန်ပေမဲ့ တစ်ကိုယ်တော်လှုပ်ရှားရတာကို ပိုသဘောကျသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဟောလိုဝင်းညမှာ မုန့်လိုက်တောင်းနေတဲ့ ကလေး ၅ ယောက် သေဆုံးသွားရတဲ့ ပြင်းထန်တဲ့ မီးလောင်မှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိအတွေ့အကြုံရှိတဲ့ ပါတနာအသစ် "မက်ဂီရန်းနင်း" နဲ့ တွဲဖက်လုပ်ကိုင်ဖို့ ကတ်ပတိန်က တာဝန်ပေးလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ရှောင်ဟာ ဒီမီးလောင်မှုဟာ ရိုးရိုးမတော်တဆမှုမဟုတ်ဘဲ နောက်ကွယ်ကနေ ကျွမ်းကျင်ပညာရှင်တစ်ယောက်က တမင်စီစဉ်ထားတဲ့ မီးရှို့မှုဖြစ်ကြောင်း ရိပ်မိလာပြီး၊ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီ အပိတ်ခံထားရတဲ့ ကွင်းဆက်မီးရှို့သမားဟောင်း "ရော်နယ်ဘာတဲလ်" ဆီကနေ သဲလွန်စတွေကို သွားရောက်မေးမြန်းကာ ကွင်းဆက်ကို လိုက်လံဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သူတို့နှစ်ဦး ပါတနာချင်းတွဲပြီး ဒီမီးလောင်မှုနောက်ကွယ်က ပုန်းကွယ်နေတဲ့ တကယ့်တရားခံနဲ့ အကြံအစည်ကြီးကို အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်မလား၊ ဘယ်လိုမျိုး အမှန်တရားကို ရှာဖွေသွားမလဲဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်နော်
ဇာတ်လမ်းအကြောင်း