ဇာတ်ကားများ ရွေးရန်

Vanishing Point

2026ဇာတ်ကားအမှတ် 6.7/10140 မိနစ်4K

ဒီတလော ဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးကြားဖူးခဲ့ရတဲ့ တစ်ကိုယ်ရေလုံခြုံရေး၊ မိသားစုလုံခြုံရေး၊ နေအိမ်ဖောက်ထွင်းခိုးယူခံရမှု စတဲ့ သတင်းတွေကို အများကြီးကြားနေရမယ်ထင်ပါတယ်။ ဒါကြောင့် အားလုံးလည်း သတိနဲ့နေကြဖို့ စကားလက်ဆောင်ပေးရင်း၊ ဒီအကြောင်းအရာတွေနဲ့ တိုက်ဆိုင်ပြီး စဉ်းစားစရာတွေ အများကြီးပေးမယ့် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...ဒီကားလေးမှာတော့... သမာရိုးကျအလုပ်လုပ်ပြီး သမာအာဇီဝနဲ့ ဝင်ငွေရှာရတာ သူဌေးဖြစ်ဖို့ နှေးလွန်းတယ်လို့ထင်ပြီး လောင်းကစားနဲ့ အမြန်ချမ်းသာချင်တဲ့ လူတစ်ယောက်...။ နောက်ဆုံးမှာတော့ မိန်းမကလည်း ကွာရှင်းသွား၊ ကလေးကလည်း စွန့်ခွာသွားပြီး အဖေကြီးရဲ့ ပင်စင်လစာကိုတောင် ပြန်မှီခိုစားသောက်ဖို့ ကြိုးစားနေရတဲ့ လောင်းကစားသမားတစ်ယောက်ရဲ့ ဘဝကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း လုံခြုံရေးထက် ကုန်ကျစရိတ်ကိုပဲ ဦးစားပေးပြီး ဈေးပေါတဲ့ CCTV တပ်ဆင်ထားတဲ့အတွက် လှေကားအတက်အဆင်း ၂-၃ မိနစ်အတွင်း ပျောက်ဆုံးသွားတဲ့ ကလေးတစ်ယောက်ကိုတောင် ဘယ်လိုမှ ခြေရာမခံနိုင်ခဲ့တဲ့ သားပျောက်မိဘနှစ်ပါးရဲ့ ရင်နာစရာအဖြစ်ကိုလည်း တွေ့ရမှာပါ။ နောက်ထပ် တစ်ခုကတော့... တစ်ယောက်တည်း ရဲရဲတင်းတင်း တိုက်ခန်းမှာ နေထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ ညဘက်မှာ ဘယ်သူမှန်းမသိတဲ့သူရဲ့ မေ့ဆေးအတိုက်ခံရပြီး၊ မိန်းမသားတစ်ယောက်အတွက် အဖိုးတန်ဆုံး အသွေးအသားဂုဏ်သိက္ခာကို အဓမ္မလုယူခံခဲ့ရပါတယ်။ ဒါပေမယ့် "ရဲတိုင်လိုက်ရင် လူသိသွားပြီး ညီမလေးရဲ့ သိက္ခာကျသွားမယ်" ဆိုတဲ့ ရေးရိုးစွဲအတွေးနဲ့ ရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့ အဖြစ်ကလည်း ရင်ထဲထိစေမှာပါ။ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့... ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝတွေဟာ မြှုပ်ကွက်လေးတွေနဲ့ တစ်ဖြည်းဖြည်း ချိတ်ဆက်လာပြီး၊ အဆုံးမှာ အရာအားလုံးဟာ အဓိပ္ပာယ်ရှိရှိ ဆုံစည်းသွားတာပါပဲ။ ဇာတ်လမ်းထဲက အဖြစ်အပျက်တွေဟာလည်း အဝေးကြီးက စိတ်ကူးယဉ်ဇာတ်လမ်းတွေ မဟုတ်ဘဲ၊ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ လူတချို့ရဲ့ ဘဝအစစ်အမှန်တွေကို ဇာတ်ခုံပေါ်တင်ထားသလို ခံစားရတာမို့ ကြည့်နေချိန်တစ်လျှောက် စိတ်ဝင်စားမှုမလျော့စေဘဲ အတွေးပေါင်းများစွာ ကျန်ရစ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ ပြောချင်ပါတယ်။ ဒါ့အပြင် တရုတ် Running Man ရဲ့ Season 1 ကတည်းက အခုချိန်ထိ ရှိနေဆဲဖြစ်တဲ့ Member နှစ်ယောက်ဖြစ်တဲ့ Zheng Kai နဲ့ Li Chen တို့ကို မင်းသားတွေအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး၊ Liu Haocun, Bi Wenjun, Roy Chiu, Li Meng တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ထားတာကြောင့် ရုပ်ရည်ပိုင်းရော သရုပ်ဆောင်ချက်ပိုင်းရော ပြောစရာမလိုအောင် အရည်အသွေးပြည့်ဝတဲ့ကားလေးပါ။ဘဝအမောတွေ ပြေပျောက်စေမယ့် ဖျော်ဖြေမှုတစ်ခုရသလို၊ မိမိကိုယ်ကိုရော မိသားစုကိုပါ ပိုပြီးသတိထားကာကွယ်ဖို့ သတိပေးသွားမယ့် ဇာတ်ကားကောင်းလေးမို့ အားလုံးကို ကြည့်ရှုဖို့ အကြံပြုရင်း... ပျော်ရွှင်စွာ ကြည့်ရှုခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်... Filesize : 6.01 GB / 1.16 GB / 720 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mp4 Genres : Mystery, Thriller, and Crime Runtime : 2h 20 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း