ဇာတ်ကားများ ရွေးရန်

Pelle the Conqueror

1987ဇာတ်ကားအမှတ် 7.3/10157 မိနစ်

၁၉၈၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Pelle the Conqueror" ဇာတ်ကားဟာ ဒါရိုက်တာ Bille August ရိုက်ကူးထားပြီး ၁၉၈၈ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်Academy Award (Oscar)ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ​၁၉ ရာစုအကုန်ပိုင်းမှာ ဇနီးသည် ဆုံးပါးသွားပြီးနောက် သက်ကြီးပိုင်းအရွယ် အဖေဖြစ်သူ "လာဆီ"ဟာ သားငယ်လေး "ပယ်လီ" ကို ခေါ်ပြီး ပိုကောင်းတဲ့ လူနေမှုဘဝနဲ့ အခွင့်အလမ်းအသစ်တွေကို မျှော်လင့်ရင်း ဆွီဒင်နိုင်ငံကနေ ဒိန်းမတ်နိုင်ငံ၊ Bornholm ကျွန်းဆီကို သင်္ဘောနဲ့ ထွက်ခွာလာခဲ့ပါတယ်။ ​ဒါပေမဲ့ သူတို မျှော်လင့်ထားသလို ဒိန်းမတ်နိုင်ငံရဲ့ ဘဝဟာ လှပမနေခဲ့ပါဘူး "လာဆီ" ရဲ့ သက်ကြီးပိုင်းအရွယ်နဲ့ ပယ်လီ ရဲ့ ငယ်ရွယ်မှုတို့ကြောင့် သူတို့ကို အလုပ်ရှင်ကောင်းတွေက မငှား​ကြဘဲ နောက်ဆုံးမှာတော့ ခြံကြီးတစ်ခုမှာ အနိမ့်ကျဆုံးနဲ့ အပင်ပန်းဆုံး အလုပ်သမားတွေအဖြစ် စတင် လုပ်ကိုင်ကြရပါတယ်။ ​ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ပတ်ဝန်းကျင်ရဲ့ ခွဲ​ခြားဆက်ဆံမှု၊ ဖိနှိပ်မှုနဲ့ ရာသီဥတုရဲ့ ကြမ်းတမ်းမှုတွေကို ခါးစည်းခံရင်း သားအဖနှစ်ယောက် ခက်ခဲစွာ ရုန်းကန်ကြရပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမှောင်ထုကြားထဲမှာပဲ ပယ်လီ လေးဟာ လောကဓံကို သင်ခန်းစာယူရင်း ဘဝရဲ့ မတရားမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရင်းနဲ့ အိပ်မက်သစ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပြီး အရွယ်ရောက် ရင့်ကျက်လာပုံကို ရင်နင့်ဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ​ ​ဘဝရဲ့ ခက်ခဲနက်နဲမှုနဲ့ မျှော်လင့်ချက်အလင်းရောင်​တွေကို ဖြစ်ရပ်မှန်ဆန်ဆန် ခံစားချင်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း