The Train To The Cliff
ဒီရုပ်ရှင်ဟာ ရထားတွဲတစ်ခုတည်းကို အဓိကအနောက်ခံထား ရိုက်ကူးထားပြီး အခုခေတ် လူငယ်တွေ ကြည့်ရှုသူနဲ့ Like များများရရှိဖို့အတွက် အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေကို မဆင်မခြင် ပြုလုပ်တတ်ကြတဲ့ လူမှုကွန်ရက်ခေတ်ရေစီးကြောင်းကို ထိထိမိမိ သရော်ထားတာဖြစ်ပါတယ်။ ခေတ်မမှီတော့ဘဲ ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာတဲ့ Live လွှင့်သူတစ်ဦးဖြစ်တဲ့ ဟိုရှောင်ချန်ဟာ သူ့ရဲ့ Channel ပြန်လည်ဦးမော့လာစေဖို့အတွက် "မိစ္ဆာနှိမ်နင်းရေးအဖွဲ့" နာမည်နဲ့ အဖွဲ့ငယ်လေးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ လူသူစွန့်ပစ်ထားတဲ့ ရထားဟိုတယ်ဟောင်းတစ်ခုဆီကို ညဘက်ကြီးသွားရောက်ပြီး သရဲရှာဖွေရေး အသည်းယားစရာ Live လွှင့်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရထားပေါ်ကို ရောက်ချိန်မှာ လေထဲပျံဝဲနေတဲ့ စက္ကူပိုက်ဆံတွေ၊ အလိုအလျောက် ရွေ့လျားနေတဲ့ ဝိုင်ပုလင်းတွေနဲ့ အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားမှုတွေ စတင်ကြုံတွေ့လာရပါတယ်။ အစပိုင်းမှာ သူတို့အဖွဲ့က ဒါတွေအားလုံးဟာ အဖွဲ့ဝင်တစ်ဦး ဖန်တီးထားတဲ့ မျက်လှည့်ပြကွက်တွေပဲလို့ ထင်မှတ်ခဲ့ကြပေမဲ့ အမှန်တကယ်မှာ အားလုံးဟာ အမှောင်လောက ဝက်ဘ်ဆိုက် ပရိသတ်တွေအတွက် တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ လျှို့ဝှက်ဆန်းကြယ်အဖွဲ့အစည်းတစ်ခုရဲ့ သတ်ဖြတ်ခြင်းဂိမ်းထဲက သားကောင်များ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက်လုံး ပရိသတ်ကို ရင်တထိတ်ထိတ်နဲ့ ဘာဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်ရအောင် ဆွဲခေါ်သွားနိုင်ပြီး ဖန်တီးမှုများကလည်း ထိတ်လန့်စရာကောင်းလှပါတယ်။ အစပိုင်းမှာ သရဲခြောက်တဲ့ပုံစံမျိုးနဲ့ ဆွဲဆောင်ထားပေမဲ့ ဇာတ်ရှိန်တက်လာချိန်မှာ လူတွေရဲ့ စိတ်ပုတ်မှု၊ ရက်စက်မှုနဲ့ Dark Web ရဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသသွားတဲ့ ဆိုက်ကိုသဲထိတ်ရင်ဖိုရုပ်ရှင် ပုံစံမျိုးကို ခံစားရမှာ ဖြစ်ပါသည်။ ဘဝမှာ ဖြတ်လမ်းနည်းနဲ့ ကျော်ကြားမှုကို မရှာဘဲ မိမိခြေထောက်ပေါ် မိမိ ရပ်တည်ခြင်းကသာ စစ်မှန်သော အောင်မြင်မှုဖြစ်ကြောင်းကိုလည်း သင်ခန်းစာပေးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ Filesize : 1.04 GB / 518 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller, Drama, and Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း