ဇာတ်ကားများ ရွေးရန်

Bajirao Mastani

2015ဇာတ်ကားအမှတ် 7.3/10158 မိနစ်

ဘာဂျီရောဝ်ဟာ စစ်ပရိယာယ်ကြွယ်ဝပြီး တိုင်းပြည်က အားထားရသလို ပြည်သူတွေကလည်း ချစ်ခင်ကြတဲ့ စစ်သူရဲကောင်းတစ်ယောက်ပါ။ သူ့မှာ ကာရှီးဆိုတဲ့ဇနီးနဲ့ သားတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ မဟာမိတ်တိုင်းပြည်က မင်းသမီး မာစတီးနီဟာ သူရှိတဲ့ စစ်မြေပြင်ကို ရောက်လာပြီး စစ်ကူပေးဖို့ အကူအညီတောင်းလာခဲ့တယ်။ ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့် မာစတီးနီတို့ဘက်က အနိုင်ရသွားပါတယ်။ အဲဒီနောက် ဘာဂျီရောဝ်ဟာ မာစတီးနီကို ချစ်မိလာပြီး သူမပြန်ခင်မှာ သူ့ဓားမြှောင်ကို ပေးလိုက်တယ်။ မာစတီးနီတို့တိုင်းပြည်မှာတော့ ဓားမြှောင်ပေးတာဟာ လက်ထပ်ခွင့်တောင်းတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဘာဂျီရောဝ်ကို ချစ်နေတဲ့ မာစတီးနီကလည်း အဲဒီဓားမြှောင်လေးကို တယုတယ သိမ်းထားခဲ့တယ်။ နောက်ပိုင်းမှာ မာစတီးနီဟာ ဘာဂျီရောဝ်နဲ့ ပြန်တွေ့ဖို့ ကြိုးစားလာပါတယ်။ နှစ်ယောက်ကြားက အဓိကကွာခြားချက်က ကိုးကွယ်တဲ့ဘာသာဖြစ်နေပြီး ဘာသာရေးလွှမ်းမိုးမှုကြီးတဲ့ခေတ်မှာ သူတို့အချစ်ရေး ဘယ်လိုရှေ့ဆက်နိုင်မလဲဆိုတာကို ဆက်ပြထားတာပါ။ ဆန်ဂျေးဘန်ဆာလီ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ်နဲ့စစ်ဇာတ်ကားဖြစ်ပြီး ရန်ဗီးဆင်း၊ ဒီပီကားနဲ့ ပရီရန်ကားတို့ ပါဝင်ထားပါတယ်။ အိန္ဒိယသမိုင်းကို အခြေခံထားတဲ့ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ အမျိုးသမီးတွေရဲ့ ခံစားချက်နဲ့ အချစ်အပေါ် ခံယူပုံတွေကို စကားပြောခန်းတွေ၊ အကအလှတွေနဲ့အတူ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း