THE A-CARE -Disusebody-
ဒီဂျပန်ကားလေးကတော့ နာမည်ကျော် ဆရာဝန်နှင့် စာရေးဆရာ Yoichi Kusakabe ရဲ့ လူသိများတဲ့ ဆေးဘက်ဆိုင်ရာ သည်းထိတ်ရင်ဖို ဝတ္ထု (Haiyoushin / Disuse Body) ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ သည်းထိတ်ရင်ဖို ဆေးပညာပိုင်းဆိုင်ရာ ဒရမ်မာ ရုပ်ရှင်ကား ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်နေရာမှာ Parasyte ဇာတ်ကားနဲ့ တခြားနာမည်ကြီး ဇာတ်လမ်းတွေပါ ပါဝင်ဖူးတဲ့ သရုပ်ဆောင် Shota Sometani ပဲဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံလေးက သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ သမားတော် Dr. Urushiyama ဆိုသူက လေဖြတ်ရောဂါကြောင့် လှုပ်ရှားမရတော့ဘဲ သေနေတဲ့ ခြေလက်အင်္ဂါများကြောင့် လူနာကိုယ်တိုင်ရော၊ ပြုစုစောင့်ရှောက်ရတဲ့ မိသားစုဝင်တွေပါ စိတ်ရောကိုယ်ပါ ပြိုလဲပျက်စီးနေကြရတာကို နေ့စဉ် မြင်တွေ့နေရပါတယ်။ အဲဒါနဲ့ သူက ဒီလူနာတွေရဲ့ ဝေဒနာကို လျှော့ချပေးဖို့နဲ့ ပြုစုသူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ရည်ရွယ်ပြီး Dr. Urushiyama တစ်ယောက် လုံးဝအသုံးမဝင်တော့တဲ့ ခြေလက်တွေကို ကြိုတင်ခွဲစိတ်ဖြတ်တောက်ပေးတဲ့ "A-Care" (Amputation Care) ဆိုတဲ့ အစွန်းရောက် လျှို့ဝှက်ကုထုံးတစ်ခုကို စတင်စမ်းသပ် ကျင့်သုံးပါတော့တယ်။ ပထမဆုံးလူနာ အဘိုးကြီးနဲ့တင် ဝေဒနာတွေသက်သာပြီး အဆင်ပြေတယ်ဆိုရာကနေ တဖြည်းဖြည်းနဲ့ နောက်ထပ် သက်ကြီးရွယ်အိုတွေကို ဆက်ပြီး A-Care လုပ်ရာကနေ နောက်ပိုင်းကျတော့ ဆေးဘက်ဆိုင်ရာကျင့်ဝတ် ဖောက်ဖျက်မှု၊ လူသတ်မှု/ခန္ဓာကိုယ်ဖျက်ဆီးမှု စွဲချက်တွေနဲ့အတူ ဆရာဝန်တစ်ဦးရဲ့ အန္တရာယ်များတဲ့ ယုံကြည်ချက်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုင်လှုပ်တဲ့ အရှုပ်တော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်လာပါတော့တယ်။ အဲဒီမှာ Dr. Urushiyama ရဲ့ လုပ်ရပ်တွေဟာ မှန်ကန်နေသလား ဒါမှမဟုတ် အစွန်းရောက် ကျင့်စဉ်တစ်ခုလားဆိုတာကိုတော့ သို့လော သို့လောနဲ့ အဆုံးထိ ကြည့်ရှု အဖြေထုတ်သွားရမယ့် ပဟေဠိတစ်ပုဒ်ပဲ ဖြစ်ပါတော့တယ်ဗျာ....။
ဇာတ်လမ်းအကြောင်း