ဇာတ်ကားများ ရွေးရန်

Bluebeard

2017ဇာတ်ကားအမှတ် 6.7/10117 မိနစ်

Blue Beard (2017) ယခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့ကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြည့်ရှုဖြစ်အောင် ဆွဲခေါ်သွားမဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Cho Jin Woong, မင်းသားကြီး Kim Dae Myung, မင်းသမီး Yoon Se Ah, မင်းသားကြီး Shin Goo, မင်းသမီး Lee Chung Ah, မင်းသားကြီး Song Yong Chan တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဆရာဝန်တစ်ဦးဖြစ်သူ ဗြောင်ဆွန်းဟွန်း (Cho Jin Woong) ဟာ ဂန်နမ်မှာ ဆေးခန်းဖွင့်ခဲ့ဖူးသော်လည်း ဒေဝါလီ ခံသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဒေါက်တာဗြောင်တစ်ယောက် ကွင်းဆက်လူသတ်မှုတွေရဲ့ နာမည်ကျော်နေရာဆိုပြီး သတင်းစကားပျံ့နေတဲ့ ဆိုးလ်မြို့ ချောင်ကျတဲ့ ရပ်ကွက်လေးက ဆေးရုံတစ်ခုဆီ ပြောင်းလာလုပ်ကိုင်ခဲ့ရာမှာတော့ လူသတ်မှုတွေကြားထဲ ဘယ်လို ပါဝင်ပတ်သက်သွားမလဲ အဲဒီကွင်းဆက်လူသတ်မှုတွေရဲ့ တရားခံအစစ်ကရော ဘယ်သူလဲ ဟန်မြစ် ရေခဲရာမှ အရည်ပျော်လာချိန် ပေါ်လာခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းဆိုတာကရော ဒေါက်တာဗြောင်နဲ့ ဘယ်လိုများပတ်သက်နေမလဲဆိုတာကို thriller ကားလေးဖြစ်တဲ့ 2017 ခုနှစ်ထွက် Blue Beard ကားလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ File Size - 1.8 GB/ 860 MB Quality - BluRay 1080p/ 720p Duration - 1h 57m Format - mp4 Genre - Crime, Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း