ဇာတ်ကားများ ရွေးရန်

Licence to Kill

1989ဇာတ်ကားအမှတ် 6.7/10133 မိနစ်

Licence to Kill (James Bond)(1989) IMDB : 6.7 Rotten Tomatoes : 79% Genre : Action / Adventure / Thriller James Bond ဆိုတဲ့ ဇာတ်ကောင်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ Licence to Kill ကတော့ ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Timothy Dalton ရဲ့ ဒုတိယမြောက်နဲ့ နောက်ဆုံး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဘွန်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ CIA အေးဂျင့် ဖီးလစ် လိုက်တာ ဟာ မကြာသေးခင်ကမှ သူကိုယ်တိုင်ဖမ်းဆီးထားခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ရာဇာ ဖရန့်ဇ် ဆန်းချက်ဇ် လွတ်မြောက်သွားပြီးနောက် ရက်ရက်စက်စက် သေလုနီးပါး တိုက်ခိုက်ခံလိုက်ရပါတယ်။ ဆန်းချက်ဇ်ရဲ့ နောက်ပါတွေက ဖီးလစ်ရဲ့ ညားခါစကြင်ဖော်ကို သတ်ပစ်လိုက်ပြီး ဖီးလစ်ကိုတော့ ငါးမန်းစာအဖြစ် ကျွေးခဲ့ပါတယ်။ ကံကောင်းတာပဲလား ကံဆိုးတာပဲလားတော့မသိပေမဲ့ ဖိးလစ်အသက်ရှင်ခဲ့ပါတယ်။ ဒီကိစ္စကို သိသွားတဲ့ ဘွန်းဟာ MI6 ကနေ သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေကို ငြင်းဆန်ပြီး သူ့ရဲ့ သူငယ်ချင်းအတွက် ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် MI6 က သူ့ရဲ့ 'လူသတ်ခွင့်လိုင်စင်' (Licence to Kill) ကို ရုပ်သိမ်းလိုက်ပေမယ့် ဘွန်းတစ်ယောက် အထက်အမိန့်ကို ဖီဆန်ပြီး အမေရိကန်လေယာဉ်မှူး ပမ်း ဘိုဗီယာ နဲ့ လက်တွဲကာ ဆန်းချက်ဇ်ရဲ့ မူးယစ်အင်ပါယာကို ဖြိုခွဲဖို့ ကြိုးစားပါတော့တယ်။ လိုင်စင်မရှိတော့တဲ့ အေးဂျင့် 007 တစ်ယောက် ရက်စက်တဲ့ မူးယစ်ရာဇာကို ဘယ်လို နည်းလမ်းတွေသုံးပြီး ကလဲ့စားချေမလဲ၊ ဆန်းချက်ဇ်ရဲ့ အတွင်းစည်းထဲအထိ ဘယ်လိုထိုးဖောက်ဝင်ရောက်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…    3 GB/ 2MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 13m Genre ..... Action / Crime Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း