ဇာတ်ကားများ ရွေးရန်

The Sheriffs of Savage Wells

2026ဇာတ်ကားအမှတ် 9.0/1090 မိနစ်

The Sheriffs of Savage Wells (2026) IMDb Rating (5.8) စဲဗေ့ချ်ဝဲလ်စ်ဆိုတဲ့ မြို့ငယ်လေးဟာ တိတ်ဆိတ်အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပြီး မြို့ခံတွေက ခပ်ကြောင်ကြောင်ဓလေ့စရိုက်ရှိသူတွေများကြပါတယ်။ ပေ့စလီကတော့ မြို့ခံမိန်းမငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လူမှုဆက်ဆံရေးကောင်းမွန်မှု သေနတ်ပစ်ကျွမ်းကျင်မှုနဲ့မြို့အပေါ်စေတနာထားမှုတွေကြောင့် နယ်ခံရဲအရာရှိတာဝန်ကိုယာယီထမ်းဆောင်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဝိုင်အိုးမင်း နယ်မြေကရောက်လာတဲ့ နာမည်ကျော် တရားဥပဒေထိန်းသိမ်းရေးသမား ကိတ်အိုဘရိုင်ယန်ဆိုတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် ရောက်လာချိန်မှာတော့ သူ့အနေနဲ့ လက်ရှိနေရာကို အပြိုင်လုရဖို့ဖြစ်လာပါတော့တယ်။ ရဲအရာရှိနေရာကို အသီးသီးရရှိဖို့ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် စကားနာထိုး ဘုဘောက်ကျကြရင်းကနေ အပြန်အလှန်သံယောဇဉ်တွေတွယ်စပြုလာချိန်မှာတော့ သူတို့မြို့လေးရဲ့ဒေသခံဘဏ်ကို နယ်မြေအတွင်း အဓိကဘဏ်ခွဲအဖြစ် သတ်မှတ်လိုက်တဲ့သတင်းစကားနဲ့အတူလောဘတက်လောက်စရာ ငွေအမြောက်အမြားရောက်ရှိလာချိန်မှာတော့ ဒီငွေနောက်ကိုလိုက်မယ့် ဓားပြတွေသူခိုးတွေရဲ့ရန်ကနေ အတူတူလက်တွဲကာကွယ်ကြရတော့မှာဖြစ်ပါတယ်။ အခုချိန်မှာ ဘတ်ဆဲလာတစ်ယောက်ဖြစ်လာတဲ့ စာရေးဆရာမ Sarah M. Eden ရဲ့နာမည်ကျော်၀တ္ထုကိုအခြေခံထားပြီးမူရင်းနာမည်အတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ Western အငွေ့အသက်တွေနဲ့ရှုစားရမယ့် ရှားရှားပါးပါး Rom/com ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.6 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:46:16 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း