The Lost Bladesman
မင်းသားကြီး Donnie Yen ရဲ့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့ပြီး သုံးပြည်ထောင်သမိုင်းကိုအခြေခံထားတဲ့ စစ်သူကြီးကွမ်းယွီရဲ့ဇာတ်ကြောင်း အက်ရှင်ဒရာမာဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကွမ်းယွီရဲ့လွမ်းမောစရာအချစ်ဇာတ်လမ်းကို တစ်စိတ်တစ်ပိုင်းဖော်ပြထားပြီးတော့ Donnie ရဲ့ဓားရှည်ကြီးနဲ့ ပီပြင်တဲ့ သိုင်းကွက်တွေကိုတစ်ဝကြီးကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လျိုပေ့စစ်ရှုံးပြီးသူ့ရဲ့သစ္စာရှိညီလေးဖြစ်တဲ့ ကွမ်းယွီဟာ လျိုပေ့ရဲ့ဇနီးတွေနဲ့အတူ ဝေ့ပြည်ထောင်ရဲ့အမတ်ချုပ်ကြီး ချောင်ချောင်းဖမ်းဆီးတာကိုခံထားရတဲ့အချိန်ကစပါတယ်။ ချောင်ချောင်းက ကွမ်းယွီရဲ့သိုင်းပညာနဲ့ သစ္စာရှိစိတ်ကို သဘောကျတာကြောင့် ရွှေငွေစည်းစိမ်တွေနဲ့ ဖြားယောင်းပေမယ့် ကွမ်းယွီက ချောင်ချောင်းရဲ့ရပ်တည်မှုကိုသဘောမကျတာကြောင့် လျိုပေ့ဆီပြန်ဖို့ပဲ အမြဲမျှော်လင့်နေပါတယ်။ အဲဒီအချိန်မှာ ကွမ်းယွီတိတ်တစ်ခိုးချစ်နေတဲ့ လျိုပေ့ရဲ့ကိုယ်လုပ်တော်ဖြစ်လာမယ့် မိန်းကလေးချီလန်ကိုပါ ချောင်ချောင်းကအသုံးချဖို့ကြံစည်ပါတော့တယ်။ ဒါပေမယ့်လဲ ကွမ်းယွီရဲ့အစ်ကိုအပေါ်ထားတဲ့သစ္စာတရားဟာ ယိုင်လဲမသွားခဲ့ပါတယ်။ သူ့အစ်ကိုကြီးဖြစ်တဲ့လျိုပေ့သတင်းရတဲ့အချိန်မှာတော့ ချီလန်ကိုခေါ်ပြီး တားဆီးလာတဲ့ စစ်သူကြီးတွေကိုသူ့ရဲ့ဓားရှည်ကြီးနဲ့ အနိုင်ယူပြီး အန္တရာယ်ကြားထဲကထိုးဖောက်ပြီး ရှူပြည်ထောင်က လျိုပေ့ဆီအရောက်ပြန်သွားတဲ့ ဇာတ်လမ်းကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။ Filesize : 2.34 GB / 998 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : History, Drama, Action, and War Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း