ဇာတ်ကားများ ရွေးရန်

The Mysterious Candy Store Jun Chun Dang (or) Strange Snack Shop Jeoncheondang

2026ဇာတ်ကားအမှတ် 6.5/1089 မိနစ်

The Mysterious Candy Store Jun Chun Dang// Strange Snack Shop Jeoncheondang (2026) IMDb Rating (6.5) "မုန့်လည်းစားရမယ်.. ဆန္ဒလည်း ပြည့်ဝနိုင်တဲ့ မုန့်ဆိုင်မျိုးသာ ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ တစ်နေ့ကို ဘယ်နှခါလောက် သွားဖြစ်နေမယ် ထင်ပါသလဲ" ပဥ္စလက်ဆန်ဆန် အတွင်းပိုင်း အပြင်အဆင်တွေ စားချင်စဖွယ် သရေစာမုန့်မျိုးစုံနဲ့အတူ စိတ်ကူးယဉ် မှော်အိပ်မက်ကမ္ဘာလေးထဲ ရောက်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းမယ့် Fantasy , Mystery ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေကတော့ မင်းသမီးကြီး Ra Mi-Ran နဲ့ Castaway Diva ထဲက မင်းသမီးလေး Lee Re တို့ ဖြစ်ကြပြီး ကလေးသရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ပေးထားကြတာမို့ ကလေးတော်တော်များများ အကြိုက်တွေကြမဲ့ ဇာတ်ကားလေးပါ။ (နာမည်ကြီး ဂျပန်ဝတ္ထုကို အခြေခံထားပြီး ဂျပန်အန်နီမေးရှင်းအနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ ထွက်ရှိဖူးတာမို့လို့ ကြည့်ဖူးတဲ့သူတွေကတော့ ရင်းနှီးနေကြမှာပါ။) ဟုန်းဂျာ (Ra Mi-Ran) ဖွင့်လှစ်ထားတဲ့ "ဂျွန်ချွန်းဒန်း"ဆိုင်လေးကတော့ အချိန်မရွေး မြင်တွေ့နိုင်တာမျိုး မဟုတ်ဘဲ ထက်သန်တဲ့ဆန္ဒတွေ ရှိပြီး "ကံကောင်းခြင်းအကြွေစေ့"ကို ပိုင်ဆိုင်ထားသူတွေရဲ့ ရှေ့မှာသာ ပေါ်လာတတ်တဲ့ မုန့်ဆိုင်လေးပါ။ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့ ပဥ္စလက်မုန့်တွေကို ဝယ်ယူစားသုံးမယ်ဆိုရင် ဆန္ဒတွေ ပြည့်ဝနိုင်မှာဆိုပေမဲ့ အဆိုးဘက်ကနေ အသုံးချမိရင် ဘေးဒုက္ခဖြစ်တတ်တဲ့ စည်းမျဉ်းလေးတော့ ရှိနေတာပေါ့။ မုန့်ဆိုင်ဖြစ်တာနဲ့အညီ လာရောက်ဝယ်ယူတဲ့ ဧည့်သည်တိုင်းကလည်း ကလေးငယ်လေးတွေချည်းပါပဲ။ တစ်ဖက်မှာလည်း လူတွေရဲ့ မနာလိုဝန်တိုစိတ်၊ လိုအင်ရမ္မက်တွေကို လှုံ့ဆော်ပေးတဲ့ မုန့်တွေကို ရောင်းချနေတဲ့ မုန့်ဆိုင် "ဟွာအန်းဒန်း"ရဲ့ ပိုင်ရှင် ယိုမီ (Lee Re) က ဟုန်းဂျာတို့ဆိုင်ကို အမြဲ မလိုမုန်းထားပြီး နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားနေတဲ့အခါမှာ... ဘယ်လို ကလေးဧည့်သည်လေးတွေက မုန့်လာဝယ်ပြီး ဆန္ဒတွေ ဘယ်လိုဘယ်ပုံ ပြည့်ဝသွားကြမလဲ.... ဖြူဖြူစင်စင် ဆန္ဒနောက်ကိုပဲ လိုက်မလား.. အမှောင်စိတ်ကြောင့်ပဲ ယိမ်းယိုင်သွားမလား... ဆိုတာကိုတော့ ဒီထူးခြားဆန်းပြားတဲ့မုန့်ဆိုင်လေး "ဂျွန်ချွန်းဒန်း"ဆီ အလည်သွားရောက် ကြည့်ရှုလိုက်ကြပါဦးရှင်။ File Size : 1.50GB/ 680MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 30m Genre : Mystery, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း