ဇာတ်ကားများ ရွေးရန်

Mis?ing (aka) Mis?

2025ဇာတ်ကား85 မိနစ်

Mis?ing (2025) IMDb Rating (3.2) ဆိုရှယ်မီဒီယာပေါ်တွင် "စုန်းမလေး" အဖြစ် ရေပန်းစား လူသိများလာသည့် အင်ဖလူရင်ဆာ Lulu ရဲ့အောင်ပွဲကိုဂုဏ်ပြုဖို့ သူငယ်ချင်းငါးယောက်ဆုံခဲ့ကြပါတယ်။ ပါတီကျင်းပနေတဲ့အချိန်အတွင်းမှာ ရှေးဟောင်းရှေ့ဖြစ်ဟော ကိရိယာတွေနဲ့မှော်တန်ခိုးအစွမ်းတွေနိမိတ်တွေအကြောင်း လှောင်ပြောင်ပြက်ရယ်ပြုမိရာကနေ သူတို့ထဲက တစ်ယောက်ဟာ ထူးခြားဆန်းကြယ်စွာပျောက်ဆုံးသွားပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ပဟေဠိဆန်ဆန်ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကိုယ်စီကြုံလာရပြီး ကျန်တဲ့သူငယ်ချင်းတွေဟာ ပျောက်ဆုံးသွားတဲ့တစ်ယောက်ကိုရှာဖို့အတွက် တတ်နိုင်သမျှ သဲလွန်စတွေကိုစုစည်း၊ စိတ်စွမ်းအင်တန်ခိုးတွေကိုပါ အသုံးချပြီးတော့တောနက်ထဲကိုလိုက်ရှာဖွေကြပါတော့တယ်။ အဲ့ဒီခရီးစဉ်မှာပဲ သူတို့တွေအားလုံးရဲ့ ငယ်ဘ၀တွေ စိတ်ဒဏ်ရာတွေကို အတွင်းကျကျ ဖလှယ်မိကြပြီးစိတ်ကူးယဉ်နဲ့လက်တွေ့ဘ၀ကြားက စည်းတွေဝေဝါးပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ ခရီးစဉ်တစ်ခုဖြစ်လာပါတော့တယ်။ Folk-Horror နဲ့ဆိုရှယ်မီဒီယာလွှမ်းမိုးမှုဆိုတဲ့ အကြောင်းအရာနှစ်ခုကို စိတ်ကူးကောင်းကောင်းနဲ့ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Ari Aster တို့ Robert Eggers တို့ရဲ့တင်ဆက်ပုံမျိုးကိုလိုက်လံပုံဖော်ထားပြီးအားနည်းချက်တစ်ချို့ရှိနေပေမယ့် မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.6 GB) / (860 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:25:55 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း