Late Autumn
Late Autumn (2011) IMDb Rating (6.8) ဒီဇာတ်ကားလေးက ၁၉၆၆ ခုနှစ်က နာမည်ကြီး ကိုရီးယားရုပ်ရှင်ကို အင်္ဂလိပ်ဘာသာနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Hyun Bin နဲ့ မင်းသမီး Tang Wei တို့ရဲ့ အတွဲညီညီသရုပ်ဆောင်မှုတွေကြောင့် အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသမီး Tang Wei ကတော့ ဒီကားနဲ့ Baeksang Arts Awards, Busan Film Critics Awards စတဲ့ ဆုပေးပွဲကြီးတွေမှာ Best Actress ဆုတွေကို သိမ်းပိုက်နိုင်ခဲ့သလို ဂီတပိုင်းမှာလည်း Grand Bell Awards ဆု ရရှိခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ တရုတ်နိုင်ငံမှာလည်း ဝင်ငွေအကောင်းဆုံး ကိုရီးယားရုပ်ရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အစမှာ "အန်နာ" (Tang Wei) ဆိုတဲ့ တရုတ်လူမျိုးအမျိုးသမီးလေးက သူ့ကိုအရမ်းသဝန်တိုတတ်တဲ့ ခင်ပွန်းဖြစ်သူ သေဆုံးမှုနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရသူပါ။ ထောင်ထဲမှာ ၇ နှစ်နီးပါး ဖြတ်သန်းပြီးချိန်မှာတော့ မိခင်ဖြစ်သူဆုံးပါးသွားလို့ အိမ်ပြန်ပြီးဈာပနကိစ္စတွေဆောက်ရွက်နိုင်အောင် ၇၂ နာရီ (၃ ရက်) စာ အာမခံနဲ့အပြင်ခဏထွက်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ "အန်နာ" ဟာ သူတို့မိသားစုတွေ စုပေါင်းနေထိုင်ကြတဲ့ Seattle မြို့ဆီကို အဝေးပြေးဘက်စ်ကားကြီးစီးပြီးထွက်ခွာလာခဲ့ရာကနေ "ဟွန်း" (Hyun Bin) ဆိုတဲ့ ကိုရီးယားလူမျိုးအမျိုးသားနဲ့ စတင်ဆုံတွေ့ခဲ့ပါတယ်။ Seattle မြို့ကို ရောက်သွားတဲ့အခါမှာလည်း အဆင်မပြေတဲ့မိသားစုအသိုင်းအဝိုင်းနဲ့ အတိတ်ကနာကျင်စရာကိစ္စတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ "အန်နာ" က "ဟွန်း" နဲ့ မထင်မှတ်ဘဲ ထပ်မံဆုံတွေ့ခဲ့ပြီး "ဟွန်း" ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဂရုစိုက်တတ်တဲ့အပြုအမူတွေကြောင့် "အန်နာ့" ရဲ့စိတ်ဒဏ်ရာတွေ ခဏတာသက်သာရာရခဲ့ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိကြပေမဲ့ အထီးကျန်နေတဲ့သူနှစ်ယောက်ဟာ တိုတောင်းလှတဲ့ ဒီခွင့်ရက် ၇၂ နာရီအတွင်းမှာ အချင်းချင်း စာနာနားလည်ရင်း မြူနှင်းတွေဝေနေတဲ့ Seattle မြို့ပေါ်မှာ သံယောဇဉ်စတွယ်လာခဲ့ကြရာကနေ သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းလေးက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 1.09GB/ 520MB Quality : BluRay 1080p 51.CH/ 720p Format : mp4 Duration : 1hr 54m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း