ဇာတ်ကားများ ရွေးရန်

The Invisible Guest

2026ဇာတ်ကားအမှတ် 7.0/10120 မိနစ်

The Invisible Guest (2026) IMDb Rating (7.0) ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ "The Invisible Guest" ဆိုတဲ့ စပိန်ကားဟာ အရမ်းကို နာမည်ကြီးလွန်းတဲ့အတွက် နိုင်ငံအသီးသီးက Remake တွေ ပြန်လည်ရိုက်ကူးခဲ့ကြရာက အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Remake ပဲ ဖြစ်ပါတယ်။ စပိန်ကားရဲ့ ကျောရိုးကိုပဲ ယူထားပြီးတော့ အင်ဒိုနီးရှားရဲ့ ယဉ်ကျေးမှု နောက်ခံတွေနဲ့ ပြန်လည်ပုံဖော်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ မူရင်းရဲ့ ရင်ဖိုစိတ္တဇရသကို အပြည့်အဝ ပြန်လည်ခံစားရမှာပါ။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဝီဒယာဝါတီဟာ ဟိုတယ်အခန်းတစ်ခုအတွင်း သူ့ရဲ့ တိတ်တိတ်ပုန်းချစ်သူ ယိုရှီအသတ်ခံရတဲ့အမှုမှာ ပထမဆုံး သံသယရှိသူအဖြစ်နဲ့ အစွပ်စွဲခံလိုက်ရပါတယ်။ အခန်းဟာလည်း အတွင်းကနေ ပိတ်ထားပြီး အခန်းအပြင်ကို ထွက်လာတဲ့သူလည်း မတွေ့ရတဲ့အတွက် သံသယရှိသူအနေနဲ့ အစွပ်စွဲခံရတာလည်း အပြစ်တော့မဆိုသာပါဘူး။ ဒီလိုနဲ့ ဝီဒယာဝါတီတစ်ယောက် သူ့အမှုကို လိုက်ဖို့အတွက် တစ်ခါမှ အမှုမရှုံးဖူးတဲ့ ရှေ့နေရေဇာကို ငှားရမ်းခဲ့ပါတယ်။ တရားခွင်မစမီ နာရီပိုင်းအလိုမှာ ရှေ့နေကြီးက အမှုကို အနိုင်ရချင်ရင် အမှန်တရားကို တစ်ခုမကျန် အကုန်ဖွင့်ပြောဖို့ ပြောဆိုလာတဲ့အချိန်မှာတော့..... သူတို့နှစ်ယောက်ကြားက စကားပြောခန်းတွေနဲ့အတူ အတိတ်က ဖုံးကွယ်ထားခဲ့တဲ့ သေစေလောက်တဲ့ လျှို့ဝှက်ချက်တွေ၊ အရှုပ်အထွေးတွေဟာ တဖြည်းဖြည်း ပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ ဒီလူသတ်မှုကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို ရှုပ်ထွေးမှုတွေ လျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို ခေါင်းစားစေမဲ့ လှည့်ကွက်များစွာနဲ့အတူ ရှုစားရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File Size : 1.05GB/ 490MB Quality : HMAX WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 2hr 01m Genre : Crime, Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း