ဇာတ်ကားများ ရွေးရန်

Beast Race

2026ဇာတ်ကားအမှတ် 6.9/10

Beast Race (2026) Hunger Games , Squid Game တို့လို Survival Game show ဇာတ်လမ်းမျိုးနဲ့ကြည့်ရမယ့် City of God နဲ့ The Two Popes တို့လို မာစတာပိစ် ကားတွေကို ဖန်တီးခဲ့တဲ့ ဝါရင့် ဒါရိုက်တာ Fernando Meirelles ရဲ့ အမိုက်စားကားပါ ဇာတ်လမ်းကတော့ ဘရာဇီးနိုင်ငံရဲ့ နာမည်ကြီး တရားမဝင် တိရစ္ဆာန် ထီဂိမ်းကို အခြေခံထားတဲ့ အနာဂတ် ခေတ်လွန် ကမ္ဘာမှာ စတင်ထားတာပါ။ ဒီကမ္ဘာမှာတော့ တိရစ္ဆာန် ထီဂိမ်းထဲက သတ္တဝါ တစ်ကောင်စီကို ပြိုင်ပွဲဝင် အပြေးသမား တစ်ယောက်စီက ကိုယ်စားပြုပြီး ဆုကြေးအတွက် အသက်နဲ့ရင်းကာ ယှဉ်ပြိုင်ကြရပါတယ်။ လူငယ်လေးတစ်ယောက်ဟာ အန္တရာယ်ကျရောက်နေတဲ့ ညီမဖြစ်သူရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဒီလိုကြောက်စရာကောင်းလှတဲ့ သေမင်းတမန် ပြိုင်ပွဲကြီးထဲကို မဖြစ်မနေ ဝင်ရောက် ယှဉ်ပြိုင်ရပါတော့တယ်။ လှည့်ကွက်တွေ၊ ရက်စက်မှုတွေနဲ့ လည်သူစားစတမ်း ပြိုင်ပွဲကြီးထဲမှာ... မိသားစု သံယောဇဉ်နဲ့ သတ္တိကို လက်ကိုင်ထားပြီး ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လိုမျိုး ရုန်းကန်သွားမလဲဆိုတာကိုကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း