THE RIBBON HERO
ဒီနေ့မှာပဲ Netflix ကနေ ထွက်ရှိလာတဲ့ ဒီ Anime ဇာတ်ကားလေးဟာ ၁၉၅၃ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် Manga တစ်ခုဖြစ်တဲ့ မန်ဂါဆရာကြီး Osamu Tezuka ရဲ့ Princess Knight ကို ကိုးကားပြီး ဒီနေ့ခေတ် ဒီနေ့ဟန်နဲ့ အသစ်ပြန်လည် ရေးဆွဲဖန်တီးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်...။ ဒါရိုက်တာ Yuki Igarashi ဆိုတာလည်း JJK တို့ Frieren တို့နဲ့ တခြား Anime ကောင်းတွေကို ကိုင်ပေးခဲ့ဖူးတဲ့ Animator တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးပြောပြပေးရမယ်ဆိုရင် ကမ္ဘာကြီးမှာ Nergal ဆိုတဲ့ လူတိုင်း ကြောက်ရွံ့ရတဲ့ ပြာပုံဘုရင်ကြီးဆိုတဲ့ ကပ်ဘေးဒုက္ခ ဆိုက်ကပ်လျက်ရှိပါတယ်။ တစ်နေ့မှာတော့ Silver Land တိုင်းပြည်မှာ ဒီ Nergal ကပ်ဘေးကျရောက်လာပြီး မင်းသမီးလေးတစ်ပါးဖြစ်တဲ့ Sapphire က သူ့အဖော်ဖြစ်သူနဲ့အတူ လွတ်မြောက်လာပြီး တခြားတိုင်းပြည် Gold Land မှာ ကြုံသလိုလုပ်စားပြီး အသက်ရှင်သန်အောင် ရုန်းကန်နေထိုင်နေခဲ့ပါတယ်။ အဲဒီမှာ ဘဝကိုဇာတ်မြုပ်ပြီး မိုင်းတွင်းအဖွဲ့လေးတစ်ဖွဲ့နဲ့ အတူတူလုပ်ကိုင်ပြီး အဆင်ပြေနေတဲ့အချိန်ကျမှ အဲဒီမှာလည်း Nergal ပေါ်ပေါက်လာပြီး Sapphire အနေနဲ့လည်း စွမ်းအားတစ်ခု ရလာခဲ့တဲ့အချိန်မှာတော့ အရင်ကလို ကြောက်ပြီး ထွက်ပြေးခဲ့တဲ့ ကောင်မလေးမဖြစ်ချင်တော့ပဲ Ribbon Hero - Princess Knight ဆိုပြီး ဖဲကြိုးမင်းသမီး စစ်သည်တော်လေးအဖြစ် ဘယ်လိုတွေ မားမားမတ်မတ် ကာကွယ်သွားမလဲ အဲဒီ Gold Land တိုင်းပြည်ကြီးက ပြည်သူတွေကို တကယ်တမ်း Nergal လက်ကနေ ဘယ်လိုမျိုး ရှောင်နေသလဲဆိုတာတွေကို Animation အလန်းစားတွေနဲ့ ကြည့်ရှုခံစားသွားရမှာပဲ ဖြစ်ပါတယ်....။
ဇာတ်လမ်းအကြောင်း