ဇာတ်ကားများ ရွေးရန်

Cosmopolis

2012ဇာတ်ကားအမှတ် 5.7/10109 မိနစ်

အသက် ၂၈ နှစ်အရွယ် ဘီလျံနာ အဲရစ်ပက်ကာဟာ မနက်ခင်းတစ်ခုမှာ ငယ်ငယ်ကတည်းက ဆံပင်ညှပ်ပေးခဲ့တဲ့ ဆရာဆီ သွားဖို့ လီမိုဇင်းဇိမ်ခံကားကြီးနဲ့ မန်ဟက်တန်မြို့ထဲကို ထွက်လာပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ သမ္မတယာဉ်ကြောင်း၊ နာမည်ကြီး ရက်ပ်အဆိုတော်တစ်ယောက်ရဲ့ ဈာပနနဲ့ မင်းမဲ့ဝါဒီတွေရဲ့ ဆန္ဒပြပွဲတို့ တိုက်ဆိုင်နေတယ်။ တစ်ဖက်မှာလည်း ယွမ်ဈေးက အဆမတန် ထိုးကျနေပြီး သူ့ရင်းနှီးမြှုပ်နှံမှုတွေထဲက သန်းပေါင်းများစွာကို တစ်ရက်အတွင်း ဆုံးရှုံးရတော့မယ့် အခြေအနေ ရောက်နေပါတယ်။ Robert Pattinson က အဲရစ်ပက်ကာအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကို အက်ရှင်ထက် စကားပြောခန်းတွေနဲ့ အဓိက ဆက်သွားထားပါတယ်။ တစ်နေ့တာအတွင်း သူ့ဇနီး၊ လုပ်ဖော်ကိုင်ဖက်နဲ့ ဆံပင်ညှပ်ဆရာတို့အပါအဝင် သူတွေ့ဆုံစကားပြောရသူတွေရဲ့ အမြင်နဲ့ အတွေးအခေါ်တွေကို တစ်ခန်းချင်း ဖော်ပြထားတယ်။ သူတို့ရဲ့ စကားဝိုင်းတွေကနေ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းတွေကိုလည်း ဆွေးနွေးထားပါတယ်။ လိင်ဆက်ဆံခန်းအချို့ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း