Where the Crawdads Sing
မြို့လေးတစ်မြို့နားက စိမ့်တောကြီးထဲမှာ မိသားစုအနည်းငယ် နေထိုင်ကြပါတယ်။ နောက်တော့ အဲဒီမိသားစုတွေ တစ်စတစ်စ ပြောင်းရွှေ့သွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေပဲ ကျန်ခဲ့တယ်။ ကောင်မလေးက မြို့ပေါ်ကျောင်းမှာ တက်ကြည့်ပေမယ့် တခြားကလေးတွေက စိမ့်တောထဲနေသူဆိုပြီး နှိမ်ကြလို့ ကျောင်းကနေ ထွက်ပြေးလာခဲ့ပါတယ်။ စာရေးစာဖတ်လည်း မတတ်ခဲ့ဘူး။ နောက်ဆုံး အဖေပါ ထွက်သွားတဲ့အခါ သူတစ်ယောက်တည်း ယောက်သွားတွေ တူးရောင်းပြီး အသက်မွေးခဲ့ရတယ်။ ဆင်းရဲနွမ်းပါးတဲ့ သူ့ကို မြို့ကလူတွေကလည်း အကောင်းမမြင်ကြပါဘူး။ ကောင်မလေး အရွယ်ရောက်လာချိန်မှာ စိမ့်တောထဲက မျှော်စင်တစ်ခုမှာ လူတစ်ယောက် သေဆုံးနေတာကို တွေ့ရပြီး ရဲတွေ စုံစမ်းကြပါတယ်။ မြို့ကလူတွေကတော့ သူ့ကိုပဲ တရားခံလို့ စွပ်စွဲကြတယ်။ သေဆုံးသူနဲ့ သူက ပတ်သက်ဖူးသလို တခြားအချက်အလက်တချို့လည်း ရှိနေတဲ့အတွက် ရဲတွေက သူ့ကို ဖမ်းဆီးလိုက်ပါတယ်။ တစ်မြို့လုံးမှာ သူ့အပေါ် ကောင်းပေးတဲ့သူ လေးယောက်ပဲရှိပြီး အဲဒီထဲက အဘိုးကြီးတစ်ယောက်က သူ့အတွက် ရှေ့နေလိုက်ပေးတယ်။ ဇာတ်လမ်းကို လက်ရှိအမှုစစ်ဆေးနေတာနဲ့ ကောင်မလေးရဲ့ အတိတ်ဘဝကို အလှည့်ကျ ပြသတဲ့ပုံစံနဲ့ ဆက်ထားပါတယ်။ အဖေနဲ့ပတ်သက်တဲ့ အခန်းတွေမှာလည်း ပြဿနာတွေ မပြတ်ဖြစ်နေတဲ့ မိသားစုဘဝကို တွေ့ရမှာပါ။ အမှုရဲ့ အဖြေကို ရှာရင်း ကောင်မလေး ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကိုပါ သိလာရပြီး နိမိတ်ပုံဆန်တဲ့ နောက်ခံပြောစကားတွေထဲမှာလည်း အဖြစ်အပျက်တချို့ကို နားလည်စေမယ့် အကြောင်းတွေ ထည့်ထားပါတယ်။ Delia Owens ရဲ့ The New York Times အရောင်းရဆုံးဝတ္ထုစာရင်းဝင် စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး Daisy Edgar-Jones က အဓိကသရုပ်ဆောင်ထားပါတယ်။ သူ့အတွက် အမှုလိုက်ပေးတဲ့ ရှေ့နေအဖြစ်တော့ David Strathairn ပါဝင်ထားတယ်။ Taylor Swift ကလည်း ဒီရုပ်ရှင်အတွက် Carolina ဆိုတဲ့ သီချင်းကို သီးသန့်ရေးသားသီဆိုထားပါတယ်။
ဇာတ်လမ်းအကြောင်း