ဇာတ်ကားများ ရွေးရန်

Fabricated 'Truth': The Era of Deepfakes

2025ဇာတ်ကားအမှတ် 6.8/1073 မိနစ်

Fabricated 'Truth': The Era of Deepfakes (2025) "ကိုယ်တိုင်မြင်တွေ့ရလည်း အကုန်မယုံလိုက်ပါနဲ့ဦး..." ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ Shuji Miyahara ဖြစ်ပြီး Noriko Iriyama၊ Yuika Motokariya၊ Yuki Izumisawa၊ Takayuki Aoki တို့ အဓိက ပါဝင်ထားကြပါတယ်။ ဘဏ်ဝန်ထမ်း ဆာတိုနဲ့ သူ့အမျိုးသမီး အာမခံကုမ္ပဏီဝန်ထမ်း မာနာမီတို့ဟာ သမီးလေး ၁ယောက်နဲ့ အေးချမ်းစွာနေထိုင်နေတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ မာနာမီ အလုပ်လုပ်နေတဲ့ အာမခံကုမ္ပဏီကနေ ဖောက်သည်ရဲ့အချက်အလက်တွေ မထင်မှတ်ဘဲ ပေါက်ကြားသွားခဲ့ပြီး ကုမ္ပဏီဟာလည်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သိပ်မကြာခင်မှာပဲ မာနာမီဟာ နေအိမ်မှာ အဆုံးစီရင်သွားခဲ့ပါတယ်။ ဆာတိုဟာ ဇနီးဖြစ်သူ သေဆုံးသွားရတဲ့ သတင်းပေါက်ကြားမှုနဲ့ Deepfake တွေအကြောင်း စုံစမ်းနိုင်ဖို့ နည်းပညာကုမ္ပဏီကို အလုပ်ဝင်ခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာ AI နဲ့ မျက်နှာပုံစံကို ထပ်တူကျအောင်လုပ်ပြီး လူတွေကို ကူညီပေးရာမှာ သူကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ အမေကိုလွမ်းနေရှာတဲ့သမီးလေးနဲ့အတူ AI မာနာမီကို ဖန်တီးကာ စကားတွေပြောဖြစ်ခဲ့ပါတယ်။ AI နဲ့ Deepfake နည်းပညာကို ကျွမ်းဝင်ခွင့်ရလာတဲ့ ဆာတိုက သူမျှော်လင့်ထားသလို သူ့ဇနီး အဆုံးစီရင်သွားရတဲ့အကြောင်းရင်းကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ... File size…1.71GB / 840MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 13m Genre ….. Japanese, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း