ဇာတ်ကားများ ရွေးရန်

Samurai Vengeance

2026ဇာတ်ကားအမှတ် 7.8/10120 မိနစ်

Samurai Vengeance (2026) ဆာမူရိုင်းကားကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဇာတ်အိမ်ခိုင်ပြီး ဇာတ်လမ်းအဆုံးသတ်အထိ ဆွဲခေါ်သွားပေးမဲ့ ဇာတ်ကားလေး လာပါပြီ။ ၁၈၁၀ ပြည့်နှစ်ပိုင်း ဂျပန်ခေတ်ဟောင်း အဲဒိုခေတ်ရဲ့ နယ်မြေအသေးစားလေးတစ်ခုမှာ အဂတိလိုက်စားပြီး ဩဇာအာဏာကြီးမားလှတဲ့ အမတ်ချုပ်ကြီး တာကီဂါဝါရဲ့ ငွေခိုးမှု သက်သေမှတ်တမ်းစာအုပ် ပေါ်ပေါက်လာရာမှ ဇာတ်လမ်းစတင်ခဲ့တာပဲဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်ရေးနဲ့ မိသားစုမျိုးရိုးကို ကာကွယ်ဖို့အတွက် အုပ်ချုပ်သူ သခင်ကြီး ဆဲအိဇာအဲမွန်နဲ့ သူ့ရဲ့ သစ္စာရှိ အစေခံ ဆာခုဘဲတို့ဟာ မိမိတို့ကိုယ်တိုင် အသေခံမဲ့ သွေးထွက်သံယို လျှို့ဝှက်ပြဇာတ်ကြီးတစ်ခုကို အကွက်ချ ဇာတ်တိုက်ခဲ့ကြပါတယ်။ ဖခင်ဖြစ်သူ ဆဲအိဇာအဲမွန်ရဲ့ မတရားသေဆုံးမှုအတွက် သားဖြစ်သူ ဆာမူရိုင်းလူငယ် ကီကုနိုစုကဲဟာ တရားဝင် ကလဲ့စားချေခွင့်ရရှိကာ ခရီးထွက်လာခဲ့ရပါတယ်။ သို့သော် ဆာမူရိုင်းတို့ရဲ့ သွေးအေးရက်စက်လှတဲ့ ကျင့်ဝတ်စည်းကမ်းတွေအရ ကီကုနိုစုကဲဟာ ငယ်ငယ်ကတည်းက အတူနေထိုင်ခဲ့ကြတဲ့ မိမိရဲ့ အသက်သခင်ကျေးဇူးရှင် ဆာခုဘဲကို ပြန်လည်သတ်ဖြတ်ပြီးမှသာ ကလဲ့စားချေပွဲ အောင်မြင်မှာပဲဖြစ်ပါတယ်။ ၁၇ နှစ် သားငယ်အတွက် မိခင်ဖြစ်သူမှာ မခံမရပ်နိုင်ဖြစ်ပြီး ဆာမူရိုင်းဘဝကို စွန့်လွှတ်ထားတဲ့ ပြဇာတ်ရေးဆရာကြီး ရှိနိုဒါ ကင်ဂျီ ထံမှာ သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ပေးဖို့ တောင်းပန်ခဲ့ပါတော့တယ်။ ဓားကို စွန့်လွှတ်ပြီး ကလောင်ကို ကိုင်စွဲထားတဲ့ ပြဇာတ်ရေးဆရာကြီး ကင်ဂျီဟာ ဆာမူရိုင်းကျင့်ဝတ်များရဲ့ အဓိပ္ပာယ်မဲ့မှုကို တော်လှန်ဖို့အတွက် ဘယ်သူ့အသက်မှ သေဆုံးသွားခြင်းမရှိစေဘဲ .. အန္တရာယ်ကြီးလှတဲ့ ရန်သူများနဲ့ တစ်လောကလုံးရှိ အာဏာပိုင်များကို မျက်စိမှောက်သွားစေမဲ့ “ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာလှည့် ပြဇာတ်အတုကြီး” ကို မိုရီတာဇာ ပြဇာတ်ရုံကြီးမှာ စတင်ခင်းကျင်းလိုက်ပါတော့တယ်။ ဒီဇာတ်ကားဟာ ကြည့်ရင်းကြည့်ရင်းနဲ့ ကြည့်ရှုသူပါ လိုက်လံ အဖြေရှာချင်မဲ့ ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးအဆုံးသတ်ရောက်တဲ့ အချိန်ကျမှ "လှည့်ကွက်" ကြီးကို ဟာခနဲ မြင်ရမှာပဲဖြစ်ပါတယ်။ File size…1.73GB / 844MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Historical, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း