Dirty, Difficult, Dangerous
Dirty, Difficult, Dangerous (2022) IMDb Rating (6.0) လူမှုရေးမညီမျှမှုတွေနဲ့ပတ်သက်နေတဲ့ ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ? ဒါဟာ ဒါရိုက်တာ Wissam Charaf က သူ့ရဲ့ဒုတိယမြောက်လက်ရာဖြစ်တဲ့ Dirty Difficult Dangerous ထဲမှာ မေးခွန်းထုတ်ထားတဲ့အချက် ဖြစ်ပါတယ်။ သူဟာ ပုံမှန်အားဖြင့် လူရာသွင်းမခံရတဲ့၊ သူတို့အကြောင်းကိုထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေခံလူတန်းစားတွေအပေါ် ထားရှိတဲ့ စာနာစိတ်အပြည့်နဲ့ဇာတ်အိမ်ကိုတည်ဆောက်ထားပါတယ်။ ဇာတ်လမ်းက လက်ဘနွန်နိုင်ငံရဲ့မြို့ပြဆင်ခြေဖုံးရပ်ကွက်ကိုနောက်ခံထားပြီး တိုင်းပြည်ကိုရောက်လာကြတဲ့ဆီးရီးယား စစ်ဘေးရှောင်အမျိုးသားတစ်ဦးနဲ့ အီသီယိုးပီးယားရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးတို့ရဲ့အချစ်ဇာတ်လမ်းကိုပုံဖော်ထားတာပါ။ ပတ်ဝန်းကျင်က သူတို့ရဲ့ဖြစ်တည်မှုကိုအသိအမှတ်မပြုပဲခွဲခြားဆက်ဆံနေတဲ့ကြားက အခက်အခဲအတားအဆီးပေါင်းစုံကိုရုန်းကန်ရင်ဆိုင်ရင်း ချစ်ခြင်းမေတ္တာရဲ့ပန်းတိုင်ကိုရှာဖွေပုံကို ရှုမြင်ရမှာဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေရဲ့ဘ၀ကိုပြင်းထန်ကြမ်းတမ်းတဲ့ပုံစံနဲ့မပြပဲ ခပ်အေးအေးနဲ့နူးညံ့တဲ့ ရိုက်ချက်တွေကတစ်ဆင့်ပုံဖော်သွားပါတယ်။ ဒါပေမယ့်လည်း Dirty Difficult Dangerous ဟာထင်သလောက်ပျော့ပျောင်းမနေပါဘူး။ အေးချမ်းတည်ငြိမ်တဲ့ အပေါ်ယံမျက်နှာပြင်အောက်မှာ မိမိတို့ရဲ့ဖြစ်တည်မှုကို ပတ်ဝန်းကျင်က အနှောင့်အယှက်တစ်ခုလိုမြင်နေတဲ့ အဖြစ်ဟာ တိုင်းတစ်ပါးမှာ သူစိမ်းအဖြစ်ရောက်ရှိနေကြသူတွေရဲ့ဘ၀အတွေ့အကြုံတွေပါပဲ။ အစပိုင်းမှာ နူးညံ့တဲ့ အချစ်ဇာတ်လမ်းအဖြစ်စတင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လူမှုရေးနဲ့ယဉ်ကျေးမှုမညီမျှမှုတွေကြောင့်ရူးသွပ်ပေါက်ကွဲလုနီးပါး ကမ္ဘာကြီးထဲက တစ်သီးပုဂ္ဂလဘ၀တွေကို ခရီးသွားဟန်လွှဲတို့ထိပြသွားတာလည်း ချီးကျူးစရာပါပဲ။ Venice ရုပ်ရှင်ပွဲတော်တွင် Europa Cinemas Label ဆုဆွတ်ခူးထားတဲ့ အနုပညာလက်ရာမြောက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.1 GB) / (990 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:25:40 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း