ဇာတ်ကားများ ရွေးရန်

Absolutely Devoted to You

2026ဇာတ်ကားအမှတ် 6.5/1084 မိနစ်

Absolutely Devoted to You (2026) ၉၀ ပြည့်လွန်နှစ်တွေက Boy Band ဂီတအငွေ့အသက်တွေ၊ နွေရာသီ ပင်လယ်ကမ်းခြေရဲ့ လှပတဲ့ ရှုခင်းတွေ ပါဝင်တာကြောင့် စိတ်လက်ပေါ့ပါးစေမယ့် Romance / Comedy ရုပ်ရှင်ကားကောင်းဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရာထူးတိုးဖို့နဲ့ အလုပ်မှာ အောင်မြင်ချင်စိတ် အပြည့်ရှိတဲ့ ရုပ်သံထုတ်လုပ်သူလေး "အဲရီကာ" အကြောင်းကနေ စတင်ထားတာပါ။ အဲရီကာဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နွေရာသီ ကမ်းခြေဂီတပွဲတော်ကြီးမှာ ပရိသတ်တွေ အလွန် သဘောကျခဲ့ကြတဲ့ 90s Boy Band အဖွဲ့ကြီးကို ပြန်လည်ဆုံစည်းပေးပြီးဖျော်ဖြေခွင့်ရအောင် စီစဉ်ဖို့ အကြံကောင်းတစ်ခု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ အစီအစဉ်ဟာ အကောင်အထည်ဖော်တဲ့အခါမှာတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ် အဓိက အကြောင်းအရင်းကတော့ အဆိုပါ တီးဝိုင်းရဲ့ ခေါင်းဆောင် ပင်တိုင်အဆိုတော် "မက်ခ်" က ဂီတလောကထဲ ပြန်မဝင်ချင်တော့ဘဲ ငြင်းဆန်နေခဲ့လို့ပါပဲ။ အဲရီကာတစ်ယောက် မက်ခ် ကို စည်းရုံးဖို့ ကြိုးစားရင်း၊ အတူတူ အချိန်ဖြုန်းရင်းနဲ့ပဲ... တဖြည်းဖြည်းချင်း မက်ခ် ရဲ့ စိတ်ဓာတ်နဲ့ ဂီတအပေါ် ထားတဲ့ ခံယူချက်ကို သဘောကျမိကာ မထင်မှတ်ဘဲ အချစ်ဇာတ်လမ်းတစ်ခုစတင်လာပုံကို ပေါ့ပါးလေး ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း