ဇာတ်ကားများ ရွေးရန်

Operation Drug Eradication

2026ဇာတ်ကားအမှတ် 5.3/1090 မိနစ်

ဒီရုပ်ရှင်ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနဲ့ အရှေ့တောင်အာရှ မူးယစ်ရာဇာများအကြား သက်စွန့်ဆံဖျား တိုက်ခိုက်ရတဲ့ အက်ရှင်၊ ရာဇဝတ်မှုနဲ့ စုံထောက်ဒရမ်မာ အမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - အရှေ့တောင်အာရှ နာမည်ကြီးမူးယစ်ရာဇာ "သခင်လျောက်" ဟာ ကီလိုဂရမ် ၆၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို တရားမဝင် မှောင်ခိုကုန်ကူးဖို့ ပြင်ဆင်နေကြောင်း "ယန်ဟိုင်" မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ အဲဒီနောက် မူးယစ်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ အထူးစစ်ဆင်ရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းခဲ့ပါတယ်။ ပထမအကြိမ် အရောင်းအဝယ်ပြုလုပ်မှု ပျက်ပြားသွားပြီးနောက် လျှို့ဝှက်ချက်တွေ ပေါက်ကြားပြီး လူသတ်မှုတွေ၊ သစ္စာဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ ထောင်ကလွတ်လာတဲ့ "ကျောက်ထျန်းလုံ" က မူးယစ်ရာဇာနဲ့ ဆက်သွယ်ရန် ကြိုးစားပြီး သူလျှိုတွေရဲ့ အသက်လုလှည့်ကွက်တွေနဲ့ ရဲတပ်ဖွဲ့ဟာ မူးယစ်ဂိုဏ်းတစ်ခုလုံးကို အမိဖမ်းဖို့ ဗျူဟာမြောက် ထောင်ချောက်ဆင် စစ်ဆင်ရေးကို အစပြုပါတော့တယ်။ ရာဇဝတ်မှုစုံထောက်နဲ့ အက်ရှင်အကြမ်းစား ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီရုပ်ရှင်က ကြည့်ရှုသင့်တဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Filesize : 1.78 GB / 827 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action and Crime Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း