ဇာတ်ကားများ ရွေးရန်

Bar Boys: After School

2025ဇာတ်ကား126 မိနစ်

Bar Boys: After School (2025) ၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်မှာ အလွန်အောင်မြင်ခဲ့တဲ့ Bar Boys ရုပ်ရှင်ရဲ့ ၁၀ နှစ်ပြည့် နောက်ဆက်တွဲဖြစ်ပြီး မူရင်း သရုပ်ဆောင်များ ပြန်လည်စုစည်းထားပြီး ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပထမကား၏ ဖြစ်ရပ်များပြီးနောက် ၁၀ နှစ်အကြာမှာ စတင်ထားတာပါ။ တစ်ချိန်က ဥပဒေကျောင်းတက်ရင်း ရှေ့နေစာမေးပွဲ အတူတူ အပြင်းအထန် ကြိုးစားခဲ့ကြတဲ့ သူငယ်ချင်းအဖွဲ့ဟာ... ခုချိန်မှာတော့ ကိုယ်စီ ရှေ့နေအဖြစ် လက်တွေ့ဘဝထဲ အသီးသီး ရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုဆိုသည့် အချိန်ကာလဟာ... သူတို့၏ သစ္စာတရား၊ ခင်မင်ရင်းနှီးမှုများအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိခဲ့ပါတယ်။ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်ရတဲ့အတွက် နောက်ကွယ်ကနေ မမြင်နိုင်ဘဲ ပေးဆပ်လိုက်ရသည့် ဘဝတန်ဖိုးများ အလုပ်ခွင်က မတရားမှုများနှင့် ဘဝရဲ့ ဒဏ်ရာများကို... သူငယ်ချင်းအဖွဲ့အနေနဲ့ ခိုင်မာတဲ့ သံယောဇဉ်နှင့်အတူ ဘယ်လိုအားတင်းကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း