The Guqin Requiem
ကျိုရှောင်းစောင်းကို ပိုင်ဆိုင်သူဟာ သိုင်းလောကတစ်ခုလုံးကို အုပ်ချုပ်နိုင်မယ်ဆိုတဲ့ ဒဏ္ဍာရီကြောင့် စောင်းကိုလုယူဖို့ အသေအကြေ တိုက်ခိုက်ကြပါတယ်။ နောက်ဆုံးမှာ စစ်သူကြီးဝေ့ချီချိုးရှန်းက စောင်းကိုရသွားပြီး ဖုန်းယွဲတိုင်းပြည်ဆီ ယူဆောင်သွားတယ်။ စောင်းကို တိုင်းပြည်ရတနာအဖြစ် သတ်မှတ်လိုက်ပြီးနောက် သိုင်းလောကလည်း ခဏတာ ငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီရတနာကို လိုချင်တဲ့ အိမ်နီးချင်းနိုင်ငံက ဖုန်းယွဲကို စစ်လာခင်းတော့တယ်။ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ဝေ့ချီချိုးရှန်းနဲ့ လျန်းရီးတိုတို့က အသက်ပေးတိုက်ခိုက်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ကြပါတယ်။ အဲဒီနောက် ကျိုရှောင်းစောင်းလည်း ပျောက်ကွယ်သွားတယ်။ ၁၇ နှစ်ကြာတဲ့အခါ ဖုန်းယွဲတိုင်းပြည်၊ ချင်းဟိုင်ယန့်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ချင်းနန်ဖန်သခင်က သိုင်းလောကထဲက လူတော်တွေကို ဂီတစမ်းသပ်ပွဲတစ်ခုဆီ ဖိတ်ခေါ်လိုက်ပါတယ်။ ထူးခြားဆန်းကြယ်တဲ့ မိန်းကလေးလင်ကျွင်းနဲ့ ရုပ်ရည်ချောမောတဲ့ ဂီတပညာရှင်လင်လွင်တို့က မြို့အဝင်ဝမှာ ဆုံမိပြီး အထင်လွဲမှုတွေ ဖြစ်သွားတယ်။ လင်ကျွင်းရဲ့အိတ်ထဲကနေ ပျောက်ဆုံးနေတဲ့ ကျိုရှောင်းစောင်း ထွက်လာတဲ့အခါ သူတို့နှစ်ယောက် ဂီတပွဲဆီသွားတဲ့ခရီးက အဆင်ပြေပါ့မလား။ စောင်းကို လိုချင်နေသူတွေက ဘယ်သူတွေလဲ၊ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကရော ဘာလဲဆိုတာ ဆက်သိရမှာပါ။
ဇာတ်လမ်းအကြောင်း