MYSTERY ARENA
Mystery Arena (2026) Knives Out ဇာတ်လမ်းတွေကို ကြိုက်တဲ့လူတွေအတွက် စံအိမ်ကြီးထဲက ဉာဏ်စမ်း ပဟေဠိစတိုင်မို့လို့ Mystery/Crime ဇာတ်ကား ကြိုက်သူတွေအတွက် လုံးဝ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီး ဉာဏ်စမ်း တီဗီအစီအစဉ် (Quiz Show) တင်ဆက်သူတစ်ဦးကနေ... လွန်ခဲ့တဲ့ အတိတ်က ဖြစ်ပွားခဲ့ပြီး ဘာဆိုဘာမှ ဖော်ထုတ်လို့ မရသေးတဲ့ ဆန်းကြယ် လူသတ်မှုကြီးတစ်ခုကို မည်သူမဆို ဖြေရှင်းပြနိုင်ပါက ယန်း ဘီလီယံ ၁၀ သောင်းပေးအပ်မယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာလိုက်ရာကနေ စတင်ထားတာပါ။ ဒီစိန်ခေါ်မှုကို လက်ခံဖို့အတွက် ဉာဏ်အရမ်းကောင်းပြီး စုံထောက်စွမ်းရည် ရှိကြတဲ့ ပြိုင်ပွဲဝင် ၆ ဦး ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် နေရာကတော့ မုန်တိုင်းထန်နေတဲ့ ကျွန်းပေါ်က သီးခြားခွဲထွက်နေတဲ့ စံအိမ်ကြီးတစ်အိမ် ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ အတိတ်က အမှန်တရားကို အပြိုင်အဆိုင် အစဖော်ဖို့ ကြိုးစားကြရင်းနဲ့ပဲ... ထိုစံအိမ်ကြီးထဲမှာ နောက်ထပ် မထင်မှတ်ထားတဲ့ အန္တရာယ်တွေ၊ လိမ်လည်မှုတွေနဲ့ လက်ရှိဖြစ်ပေါ်လာတဲ့ လျှို့ဝှက်ချက်တွေကြားထဲ ပိတ်မိသွားကြတဲ့အခါ ဘယ်သူက အသက်ရှင်ကျန်ရစ်ပြီး ဘီလီယံ ၁၀ သောင်းကို ပိုင်ဆိုင်သွားမလဲဆိုတာကို ရင်တမမ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း