Ghoster
၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းပြီး အက်ကိုဗေးလ်လို့ခေါ်တဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နဂါးကြီးက သေသွားတာနဲ့ အဆုံးမသတ်ခဲ့ဘူး။ မှော်ဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ ဝိညာဉ်အဖြစ် ပြန်ထွက်လာပြီး အသက်ပြန်ရှင်နိုင်ဖို့ မစ်လာမျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်း လိုက်လံသတ်ဖြတ်ကာ ဝိညာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ရှိလာပါပြီ။ နောက်ဆုံးဖမ်းရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေး ပျောက်ဆုံးသွားပြီးနောက် အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်အဖြစ် နှစ်ပေါင်းများစွာ ကျန်နေခဲ့တယ်။ ဘဏ်နဲ့ အာဏာပိုင်တွေက အိမ်ကိုသိမ်းတော့မယ့်အချိန်မှာ ဝီလီယံရဲ့မျိုးဆက်ဖြစ်တဲ့ အဲလိဇဘက် ပေါ်လာပါတယ်။ အဲဒီအခါ သူက ယူတိုနဂါးကြီး နောက်ဆုံးဖမ်းဆီးရမယ့် မစ်လာမျိုးဆက် ဖြစ်လာတော့တယ်။ အိမ်ကြီးထဲမှာ ရှိနေတဲ့ ဂိုစတာဆိုတဲ့ ဝိညာဉ်လေးနဲ့ အဲလိဇဘက်တို့ ပူးပေါင်းပြီး နဂါးကြီးကို အပြီးတိုင် နှိမ်နင်းနိုင်ကြမလားဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း