Warsaw 44
Warsaw 44 (2014) ဒီဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ထားပြီးတော့ လွတ်လပ်ရေးကို ဆာလောင်မွတ်သိပ်တဲ့ လူငယ်တွေနဲ့ လက်မရွံ့ နာဇီတပ်တွေကြားက အားပြိုင်မှုကို ကြည့်ရှုရမှာပါ။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေတဲ့ကာလမှာ ဝါဆောမြို့ကို နာဇီဂျာမနီတွေ သိမ်းပိုက်ထားတာ ၅ နှစ်တောင် ရှိခဲ့ပါပြီ။ ဒီ ၅ နှစ်တာအတွင်းမှာ မြို့ခံတွေက လူမဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်စက်မှုတွေကို ခံစားနေရတဲ့အတွက် စတီဖန်အပါအဝင် တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက တော်လှန်ချင်စိတ်တွေ ပြင်းပြလာပါတယ်။ တစ်ဖက်မှာလည်း ဆိုဗီယက်တပ်တွေက ဝါဆောမြို့နားကို ချဉ်းကပ်လာနေပြီ ဖြစ်တဲ့အတွက် ဝါဆောမြို့ရဲ့လူငယ်တွေဟာ နာဇီဂျာမနီစစ်တပ်ကို တော်လှန်တိုက်ခိုက်နိုင်ဖို့ ပထမဆုံးအကြိမ် အခွင့်အရေးရလာခဲ့ပါတယ်။ ဒီတော့ သူတို့တွေ အင်အားချင်းလည်းမမျှ၊ ဆိုဗီယက်တပ်တွေကလည်း ဝင်လာ/မဝင်လာ မသိရသေးတဲ့အချိန်မှာ ဘယ်လိုမျိုး နှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း