ဇာတ်ကားများ ရွေးရန်

A Room with a View

1986ဇာတ်ကားအမှတ် 7.0/10117 မိနစ်

"A Room with a View" ဇာတ်ကားကတော့ အော်စကာဆု (Academy Awards) ၈ ဆု ဆန်ခါတင်ဝင်ခဲ့ပြီး အကောင်းဆုံး ဇာတ်ညွှန်းဆု၊ အကောင်းဆုံး ဒီဇိုင်းဆု အပါအဝင် အော်စကာ ၃ ဆု ဆွတ်ခူးခဲ့တဲ့ သမိုင်းဝင် အချစ်ဒရာမာ (Romantic Period Drama) ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် "လူစီ" ဟာ အစ်မဖြစ်သူ "ရှာလော့" နဲ့အတူ အီတလီနိုင်ငံ Florence ကို ခရီးထွက်လာပါတယ်။ သူတို့တည်းခိုရတဲ့အခန်းက မြင်ကွင်းမလှတာကြောင့် စိတ်ပျက်နေတဲ့အချိန်မှာ "ဂျော့ချ်"နဲ့ သူ့အဖေ "အီမာစန်"တို့က သူတို့ရဲ့ အခန်းကို လူစီတို့နဲ့ လဲပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ စည်းကမ်းနဲ့ အစဉ်အလာတွေကို အလေးထားတဲ့အသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာရတဲ့ လူစီနဲ့ ရိုးသားပြီး လူမှုအသိုင်းအဝိုင်းရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ဂျော့ချ်တို့ ရင်းနှီးခဲ့ကြပြီး လူစီရဲ့ စိတ်ထဲမှာ မထင်မှတ်ဘဲ ခံစားမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ကို ပြန်ရောက်လာတဲ့အခါ လူစီက လူမှုအဆင့်အတန်းနဲ့ မိသားစုမျှော်လင့်ချက်တွေကြောင့် "စီတေူလ်" ဆိုတဲ့ အမျိုးသားနဲ့ စေ့စပ်လိုက်ရပါတယ်။ စီဆေးလ်က ပညာတတ်ပြီး ယဉ်ကျေးပုံရပေမယ့် လူစီကို သူ့ကိုယ်ပိုင်လူတစ်ယောက်ထက် ထိန်းချုပ်ရမယ့်သူလို ဆက်ဆံတတ်ပါတယ်။ ဒါ​ပေမဲ့လည်း မထင်မှတ်ဘဲ ဂျော့ချ်တို့ သားအဖ အင်္ဂလန်ကို ပြောင်းရွှေ့လာပြီး ဂျော့ချ်နဲ့ လူစီ ထပ်ဆုံတွေ့ကြတဲ့အခါမှာတော့ လူစီတစ်ယောက် သူတကယ်ချစ်ရတဲ့သူနဲ့ မိသားစုအတွက်သင့်တော်တဲ့သူကြား လွန်ဆွဲပွဲ ဖြစ်လာတဲ့အခါ... Lucy ရဲ့နှလုံးသားက နောက်ဆုံးမှာ ဘယ်သူ့ကို ရွေးမလဲဆိုတာတော့… ဇာတ်ကားကို ကိုယ်တိုင်ကြည့်ပြီးမှပဲ သိနိုင်မှာပါရှင်

ဇာတ်လမ်းအကြောင်း