ဇာတ်ကားများ ရွေးရန်

Last Seen Alive

2022ဇာတ်ကားအမှတ် 6.5/1095 မိနစ်

ဝေလ်နဲ့ လီဆာစပန်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေကြပါတယ်။ လီဆာက ခဏခွဲနေချင်တယ်လို့ တောင်းဆိုလာတော့ ဝေလ်က မခွဲချင်ပေမဲ့ တခြားမြို့မှာရှိတဲ့ သူ့မိဘအိမ်ဆီ လိုက်ပို့ဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ လောင်စာဆီဝင်ဖြည့်နေတုန်း လီဆာ ရုတ်တရက် ပျောက်သွားပါတယ်။ ဝေလ်လည်း အပူတပြင်းရှာပေမဲ့ မတွေ့တဲ့အဆုံး ရဲကို အကြောင်းကြားလိုက်ရတယ်။ လီဆာ မပျောက်ခင် နောက်ဆုံးစကားပြောခဲ့သူက အထက်တန်းကျောင်းနေဘက် နက်ကယ်စ်ဖြစ်နေတယ်ဆိုတဲ့ သဲလွန်စတစ်ခု ရလာပါတယ်။ လီဆာမှာ အရင်က ဖောက်ပြန်ခဲ့ဖူးတာကြောင့် ခင်ပွန်းရဲ့ လက်တုံ့ပြန်မှုကို ခံလိုက်ရတာလား၊ ဒါမှမဟုတ် နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ထွက်သွားတာလားဆိုတာ ရဲတွေကလည်း ဝေခွဲမရကြဘူး။ ဝေလ်ကတော့ သူမလုပ်ခဲ့ဘူးလို့ အကြိမ်ကြိမ် ငြင်းနေပါတယ်။ သူ့ဇနီးကို အသက်ရှင်လျက် ပြန်တွေ့နိုင်မလား၊ လီဆာပျောက်ဆုံးမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကို လိုက်ရှာရမယ့် Gerard Butler ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း