ဇာတ်ကားများ ရွေးရန်

Christmas on the Ranch

2025ဇာတ်ကားအမှတ် 6.5/1086 မိနစ်

Christmas on the Ranch (2025) နာမည်ကြီး ရေဒီယိုနဲ့ စကားပြောအစီအစဉ်မှာ relationship အကြောင်း ကျွမ်းကျင်အကြံပေးဖြစ်တဲ့ Christina Campbell က သူများတွေရဲ့ relationship ကို အကောင်းဆုံးဖြစ်အောင် အကြံပေးနေပေမယ့် သူကိုယ်တိုင်ကတော့ ချစ်သူရှာမတွေ့သေးပါဘူး။ အဲဒီအပျိုကြီး Christina က အလုပ်အပြောင်းအလဲကြောင့် အခွင့်အရေးအကြီးကြီးတစ်ခုရပြီး နယူးယောက်ခ်ကို အလုပ်အတွက် သွားရပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ကားပြဿနာကြောင့် မမျှော်လင့်ဘဲ Ohio ရဲ့ လူသိပ်မသိတဲ့ မြို့ငယ်လေးတစ်မြို့မှာ ကားပြင်လို့မပြီးမချင်း သောင်တင်သွားပါတော့တယ်။ အဲဒီမှာပဲ Cory Henderson ဆိုတဲ့ single dad တစ်ယောက်က သူ့ရဲ့ မြင်းတွေမွေးထားတဲ့ မွေးမြူရေးခြံကြီးရှိတဲ့ အိမ်မှာ Christina ကို တည်းခိုခွင့်ပေးခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့သမီးလေးက Christina ရဲ့ ပရိသတ်ဖြစ်နေတာကြောင့်ပါ။ ဒီလိုနဲ့ မတူညီတဲ့ နေထိုင်မှုဘဝအတွေ့အကြုံတွေ ရှိခဲ့ကြတဲ့ မြို့ကြီးသူ Christina နဲ့ တောသား ကောင်းဘွိုင် Cory တို့ နှစ်ယောက်သားကြား တူညီတဲ့ နှလုံးသားတစ်စုံ ပေါ်လာမလားဆိုတာကိုတော့ ဒီအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ File size… (1.8 GB) / (915 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:26:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း