Pusoy
ပိုပွိုင်းဟာ နာမည်ကြီးလောင်းကစားဝိုင်းတစ်ခုမှာ သက်တော်စောင့်လုပ်ပါတယ်။ အိမ်ထောင်ကျပြီးပေမဲ့ မိဘတွေနဲ့အတူနေပြီး သားတစ်ယောက်အနေနဲ့ တာဝန်ကျေချင်သူပါ။ တစ်ဖက်မှာတော့ တွေ့ရာလူနဲ့ ဖောက်ပြန်တတ်တဲ့ အရှုပ်အရှင်းများသူလည်း ဖြစ်နေတယ်။ တစ်နေ့ လောင်းကစားဝိုင်းမှာ ဖဲလိမ်ရိုက်တဲ့ပြဿနာတက်ရာက သူတို့အဖွဲ့ လူတစ်ယောက်ကို သတ်မိသွားပါတယ်။ သေသွားသူက ဩဇာကြီးသူတစ်ယောက်ရဲ့သားဖြစ်နေတာ သိလိုက်ရတော့ ပြဿနာက ပိုကြီးလာတယ်။ ငွေပေးပြီး ဖြေရှင်းနိုင်ဖို့ အရာရှိတစ်ယောက်ဆီ အကူအညီတောင်းတဲ့အခါ ဆယ်သန်းတောင်းပါတယ်။ ညှိနှိုင်းပြီး ငါးသန်းနဲ့ သဘောတူလိုက်ကြပေမဲ့ ငွေရှာဖို့ အချိန်က သိပ်မရဘူး။ လိုအပ်တဲ့ငွေကို ရတဲ့နည်းနဲ့ ရှာဖို့ ကြိုးစားကြရင်း အဖွဲ့ထဲမှာလည်း စည်းလုံးမှု ပျက်လာတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့ မိသားစုပြဿနာတွေကပါ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ Vince Rillon၊ Angeli Khang နဲ့ Jela Cuenca တို့ ပါဝင်ထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားဖြစ်ပြီး လောင်းကစား၊ အက်ရှင်နဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေ ပါဝင်ပါတယ်။ BDSM အပါအဝင် အရွယ်ရောက်သူတွေအတွက် ပြကွက်တွေ ပါတာကြောင့် အသက် ၁၈ နှစ်မပြည့်သူတွေအတွက် မသင့်တော်ပါဘူး။
ဇာတ်လမ်းအကြောင်း