ဇာတ်ကားများ ရွေးရန်

Sasamakura

2026ဇာတ်ကား

ဒီ Sasamakura ဆိုတဲ့ ဂျပန်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလနဲ့ စစ်ပြီးကာလအကြောင်းကို ဖော်ကျူးထားတဲ့ ဒရမ်မာကားလေး ဖြစ်ပါတယ်။ Shoji Hamada ဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စစ်ပြီးကာလ တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်ရင်း နောက်ထပ်ရာထူးမြင့်တဲ့နေရာကို တက်လှမ်းခါနီးအချိန်မှာ ကောလဟာလတွေ ထွက်လာပါတယ်။ အဲဒါကတော့ Hamada ဟာ စစ်ဖြစ်နေစဉ်ကာလ စစ်သားစုဆောင်းတဲ့အချိန်မှာ စာရင်းထဲမှာ နာမည်ပါပေမဲ့လည်း စစ်မှုထမ်းခဲ့ခြင်းမရှိပဲ စစ်ပြေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာတင် စစ်အတွင်းကာလတုန်းက သူငယ်ချင်းတွေ အနိုင်ကျင့်ခံရတာတို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေရှိတာတို့ ကိုယ်တိုင်ကလည်း စစ်ဆိုတဲ့ဝါဒကို မုန်းတီးတာကြောင့် Hamada တစ်ယောက် အိမ်ကနေ နိုင်ငံအနှံ့ ထွက်ပြေးတိမ်းရှောင်ရင်း ဘယ်လိုမျိုးတွေ ခက်ခက်ခဲခဲ ရှင်သန်ဖြတ်သန်းခဲ့ရတာ ချစ်ခြင်းမေတ္တာတွေနဲ့ ဘယ်လိုတွေ့ရှိခဲ့ရတာ စသဖြင့် စစ်တွင်းကာလနဲ့အတူ လက်ရှိအချိန်ကာလ ကောလဟာလတွေကြား ဘယ်လို ဖြစ်သွားဦးမလဲဆိုတာလည်းဆိုပြီး Timeline ၂ ခုကို ယှဉ်ပြပေးထားပြီး ဆက်လက် ဘာတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း