ဇာတ်ကားများ ရွေးရန်

My Sweet Monster

2021ဇာတ်ကားအမှတ် 6.4/1098 မိနစ်

စက်ရုပ်တွေ တီထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးဟာ သမီးကို အလွန်ချစ်သလို အလွန်လည်း ချုပ်ချယ်ထားပါတယ်။ အချစ်ဝတ္ထုတောင် ပေးမဖတ်တဲ့အထိ ဖူးဖူးမှုတ်ထားပေမယ့် တစ်နေ့မှာတော့ ပြည်သူတွေအတွက် သမီးကို လူယုတ်မာတစ်ယောက်နဲ့ လက်ထပ်ပေးရမယ့်အခြေအနေ ရောက်လာတယ်။ မင်းသမီးလေးက ဒီလက်ထပ်ပွဲကို လက်မခံဘဲ ထွက်ပြေးသွားပါတယ်။ ထွက်ပြေးလာရင်း မွန်းစတားကောင်လေးရှိတဲ့ တောအုပ်ထဲ ရောက်သွားပြီး မင်းသမီး၊ မွန်းစတားနဲ့ ယုန်တို့ သုံးယောက် ခင်မင်သွားကြတယ်။ တစ်ဖက်မှာတော့ မင်းသမီးကို လက်ထပ်မယ့်သူက ဘုရင်ကြီးဆီက စက်ရုပ်တွေကို လွှတ်ပြီး သူ့ကို ပြန်ခေါ်ဖို့ လုပ်လာပါတယ်။ မင်းသမီးနဲ့ မွန်းစတားတို့အကြောင်းကို စက်ရုပ်တွေ၊ မှော်ဆန်တဲ့အဖြစ်အပျက်တွေနဲ့ ရောစပ်ထားတဲ့ ကာတွန်းစွန့်စားခန်းပါ။ ပေါ့ပေါ့ပါးပါး ဟာသတွေပါသလို သီချင်းဆိုတဲ့အခန်း ငါးခါလောက်လည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း