ဇာတ်ကားများ ရွေးရန်

The Ghost Writer

2010ဇာတ်ကားအမှတ် 6.8/10128 မိနစ်

နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို သူတို့ကိုယ်စား ရေးပေးနေတဲ့ ဂို့စ်ဆီ ငွေကြေးအများကြီးရမယ့် အလုပ်တစ်ခု ရောက်လာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ပါ။ အရင်ရေးပေးနေတဲ့ မိုက်ခ်ဆိုသူ ရေနစ်သေဆုံးသွားလို့ သူ့နေရာမှာ ဂို့စ်ကို ငှားလိုက်တာဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်း သိပ်မသိပေမယ့် ရမယ့်ငွေကြောင့် ဗြိတိန်သား ဂို့စ်က အမေရိကန်အထိ သွားပြီး အလုပ်လုပ်ဖို့ ပြင်ဆင်လိုက်တယ်။ သူ အလုပ်စတော့မယ့်အချိန်မှာပဲ အဒမ်လန်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်လာပါတယ်။ အဒမ်လန်းဟာ စီအိုင်အေနဲ့ ပူးပေါင်းပြီး ပြည်သူတချို့ကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ သတင်းတွေပါ။ ကိုယ်တွေ့မှတ်တမ်း ရေးပေးဖို့ ရောက်လာတဲ့ ဂို့စ်ဟာ ဒီအကြောင်းတွေကြားမှာ အလုပ်ကို ဆက်လုပ်ရမလား၊ နောက်ဆုတ်ရမလား ဝေခွဲမရ ဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း