ဇာတ်ကားများ ရွေးရန်

The 8-Year Engagement

2017ဇာတ်ကားအမှတ် 7.3/10119 မိနစ်

The 8 year Engagement (2017) ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတင်ဆက်ထားတဲ့ Romance Drama ဇာတ်ကားလေးဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Zeze Takahisa က စီစဉ်ညွှန်ကြားရိုက်ကူးခဲ့ပြီး Takeru Satoh နဲ့ Tao Tsuchiya တို့ အဓိက ပါဝင်ထားပါတယ်။ IMDb rating 7.1/10 ရရှိထားပြီး ဂျပန်မှာတော်တော်လေး လူကြိုက်များခဲ့တဲ့ အချစ်ဇာတ်ကားလည်းဖြစ်ပါတယ်။ ဟိဆာရှီက ကားပြင်တဲ့အလုပ်ရုံမှာ လုပ်ကိုင်နေတဲ့သူဖြစ်ပြီး အလုပ်ကိုပဲ အာရုံထားနေတဲ့ လူအေးလေးဖြစ်ပါတယ်။ မာအိက အရမ်းတက်ကြွတဲ့မိန်းကလေးပါ။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ မိတ်ဆုံပွဲလေးမှာ ဆုံခဲ့ကြပါတယ်။ မာအိနဲ့တွေ့တော့မှပဲ ဘဝက အဓိပ္ပာယ်ရှိ အသက်ဝင်လာခဲ့တဲ့ လူအေးလေး ဟိဆာရှီဟာ မာအိကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ မာအိ အလိုကျ လိုက်လျောပေးတတ်သူ ဟိဆာရှီဟာ မာအိ ဖြစ်စေချင်တဲ့ လက်ထပ်ပွဲမျိုးအတွက်ပါ ကြိုတင်စီစဉ်ပေးခဲ့ပါတယ်။ လက်ထပ်ပွဲ ကျင်းပဖို့ ၃ လအလိုမှာတော့ မာအိဟာ ရုတ်တရက် ဆေးရုံတက်လိုက်ရပါတယ်။ အဲဒီနောက် လုံးဝပြန်မသက်သာလာတော့ဘဲ ကိုမာဝင်ကာ အိပ်ပျော်သွားခဲ့ပါတယ်။ အချစ်ကြီးရှာသူ ဟိဆာရှီက မာအိ သတိပြန်လည်လာမယ့် အချိန်ထိ မာအိမိဘများကို ခွင့်တောင်းကာ နေ့စဉ်မပျက် ဆေးရုံကို လာရောက်ပြုစုနေခဲ့ပြီး လက်ထပ်ပွဲကြိုတင်စီစဉ်တာကိုလည်း လုံးဝ မဖျက်ပစ်ဘဲ နှစ်စဉ်မပျက် သက်တမ်းတိုးလာခဲ့ပါတယ်။ မာအိ ပြန်ကျန်းမာဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေသူ ဟိဆာရှီရဲ့ မပြယ်လျော့နိုင်တဲ့ မေတ္တာသစ္စာတွေက ကြည့်ရှူသူတွေကို မျက်ရည်လည်စေနိုင်ပြီး ဂျပန်နိုင်ငံရဲ့ တောင်တန်းတွေနဲ့ ရှုခင်းအလှတွေပါ ခံစားနိုင်မယ့် ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါရစေ။ File size…1.63GB / 764MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း