ဇာတ်ကားများ ရွေးရန်

Indian Summer

2001ဇာတ်ကားအမှတ် 6.5/10104 မိနစ်

Indian Summer (2001) IMDb Rating (6.5) ဒီတစ်ခါမှာတော့ အဆွေးကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် 2001 ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ အဆွေးဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ Sign နဲ့ Devils Stay ထဲက မင်းသား Park Shin Yang နဲ့ Reply 1988 ထဲက မင်းသမီး Lee Mi Yeon တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ခင်ပွန်းဖြစ်သူကို ဆေးခတ်ပြီး ရက်ရက်စက်စက်သတ်ခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံထားရတဲ့ အီရှင်းယောင်း(Lee Mi Yeon)နဲ့ တရားရုံးရဲ့ အမှုတွေကို တာဝန်ယူရပြီး အီရှင်းယောင်းရဲ့ ရှေ့နေဖြစ်လာတဲ့ ဆောဂျွန်ဟာ(Park Shin Yang)... တရားရုံးမှာ နှုတ်ပိတ်နေပြီး ကိုယ်တိုင်က သေဒဏ်ကိုပဲ လိုချင်ပါတယ်ဆိုတဲ့ အီရှင်းယောင်းဖြစ်ပေမဲ့လည်း ဒီအမှုရဲ့နောက်ကွယ်က ဖြစ်ရပ်တွေဟာ မရိုးရှင်းနိုင်ဘူးဆိုပြီး ခေါင်းမာမာနဲ့ အဆုံးထိ အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့သာ ကြိုးစားနေခဲ့တဲ့ ရှေ့နေ ဆောဂျွန်ဟာ... အမှုရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေ၊ သူတို့နှစ်ဦးပဲနားလည်‌နိုင်တဲ့ ခံစားချက်တွေကို ဆွေးဆွေးမြေ့မြေ့လေး ကြည့်ရှုရမှာဖြစ်သလို အခုလို မိုး‌အေးအေးနဲ့ လိုက်ဖက်တဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။ File Size : 1.99GB/ 920MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 46m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း