White Valentine
White Valentine (1999) IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Romance King နဲ့ Queen တွေ ဖြစ်ကြတဲ့ Park Shin-Yang နဲ့ Jun Ji-Hyun တို့ရဲ့ တစ်ခေတ်တစ်ခါက ရုပ်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အသက် အမှန်ကို ဖုံးကွယ်ပြီး ကျောင်းဆရာမပါလို့ လိမ်လည်ကာ တပ်ထဲမှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘတ်ဟျွန်းဂျွန်း (Park Shin-Yang) ဆီကို စာတွေ ရေးသားရင်း မိတ်ဖွဲ့ခဲ့တဲ့ ကလေးမလေး ဂင်ဂျောင်မင်း (Jun Ji-Hyun)... စာတွေ အပြန်အလှန် ရေးဖြစ်ကြရင်းကနေ ရင်းနှီးလာခဲ့ကြတဲ့ သူတို့နှစ်ဦးက လူချင်းတွေ့ဆုံဖို့ ချိန်းဆိုခဲ့ကြပေမဲ့ ဂျောင်မင်းတစ်ယောက် အချိန်မီ ရောက်မလာခဲ့တာကြောင့် အဲဒီနောက်ပိုင်းမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြတာပေါ့။ ဒီလိုနဲ့ ဂျောင်မင်း အသက် ၂၀ အရွယ်ကို ရောက်တဲ့အခါ ဟျွန်းဂျွန်းကလည်း ဂျောင်မင်းနေထိုင်တဲ့ ရွာလေးဆီ ရောက်ရှိလာပါတော့တယ်။ ချစ်သူဟောင်းကို တမ်းတလွမ်းဆွတ်စိတ်နဲ့ ခိုလေးတွေကနေတစ်ဆင့် လွှတ်တင်လိုက်တဲ့ ဟျွန်းဂျွန်းရဲ့ ရင်တွင်းဖြစ်စာတိုလေးတွေကို ပေးပို့သူ ဘယ်သူဘယ်ဝါမှန်း မသိရပါဘဲ ဂျောင်မင်းက ကောက်ယူမိလိုက်တဲ့အခါမှာတော့... စစ်သားလွမ်းစာကနေ အစပြုလို့ ခိုငှက်ပေးစာတွေနဲ့အတူ ထပ်မံ ရေစက်ဆုံဖြစ်ကြပြန်တဲ့ ဟျွန်းဂျွန်းနဲ့ ဂျောင်မင်းတို့နှစ်ဦးက အရင်လို တစ်ယောက်ကိုတစ်ယောက် မသိလျက်သားနဲ့ပဲ လွဲချော်နေဦးမှာလား.. ဒါမှမဟုတ် နှစ်ဦးကြားမှာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်လာမလားဆိုတာကို မထိတထိ နူးနူးညံ့ညံ့ ပုံစံလေးနဲ့ ကြည့်ရှုရမှာဖြစ်လို့ ခေတ်ဟောင်းအငွေ့အသက်တွေထဲ စီးဝင်ခံစားကြည့်လိုက်ကြပါဦးနော်။ File Size : 2.46GB/ 1.00GB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 30m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း