Islands
Islas (2025) မင်းသမီးဟောင်းကြီးတစ်ယောက် တန်နိရီးဖ် ကျွန်းပေါ်က ဟိုတယ်ဟောင်းကြီးမှာ ဘဝကို အဆုံးစီရင်ဖို့ ကြိုးစားရင်း... အလားတူ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပြီး အထီးကျန်မှု၊ ဘဝရဲ့ အနိမ့်အမြင့်နဲ့ ကြေကွဲစရာ ကံကြမ္မာတွေကို အနုပညာဆန်ဆန် ပုံဖော်ထားတာပါ။ စပိန်ရဲ့ ဂန္ထဝင် မင်းသမီးကြီး Ana Belén နဲ့ မင်းသား Manu Vega တို့နဲ့အတူ Jorge Usón၊ Eva Llorach တို့က အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီး ဘဝ ပျက်စီးသွားပြီး ငွေကြေးလည်း လုံးဝ မရှိတော့တဲ့ မင်းသမီးဟောင်းကြီး "အမ်ပါရို"အကြောင်းကနေ စတင်ထားတာပါ။ အမ်ပါရို ဟာ အတိတ်တုန်းက သူမ ရိုက်ကူးခဲ့ဖူးတဲ့ ရုပ်ရှင်ကားရဲ့ ဟိုတယ်ဟောင်းကြီးဆီ ပြန်လာပြီး... သူမရဲ့ ဘဝကို ကိုယ်တိုင် အဆုံးစီရင်ဖို့ ပြင်ဆင်လိုက်ပါတယ်။ သူမရဲ့ သေဆုံးမှုကို သတင်းစာတွေက ရေးသားကြလိမ့်မယ်လို့လည်း မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ သူမရဲ့ လမ်းကြောင်းပေါ်ဆီ သူမလိုပဲ စိတ်ဓာတ်ကျပြီး ဘဝကို အဆုံးစီရင်ချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေး "တိုနီ" ရောက်ရှိလာခဲ့ပါတယ်။ ဓာတ်ပုံဆရာမနဲ့ ဘိုဟီးမီးယန်း စတိုင် ဟိုတယ်အငွေ့အသက်တွေကြားမှာ... နှစ်ရက်တာ ကာလအတွင်း သူတို့နှစ်ဦးဟာ တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်ယောက် ဖော်ထုတ်ရင်း၊ တစ်ယောက်ကိုတစ်ယောက် ပြန်လည် ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ သူတို့နှစ်ဦးကြားက ထူးဆန်းလှတဲ့ ဆက်ဆံရေးဟာ မထင်မှတ်ထားတဲ့ ရလဒ်ဆီ ဦးတည်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ရင်တမမ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း