ဇာတ်ကားများ ရွေးရန်

Eclipse// Cutter

2016ဇာတ်ကားအမှတ် 6.5/10103 မိနစ်

Eclipse// Cutter (2016) IMDb Rating (6.5) အခုတစ်ခါမှာတော့ ကေဒရမ်မာပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Choi Tae Joon, Kim Shi Hoo နှင့်အတူ မင်းသမီးချောလေး Mun Ka Young တို့ အဓိက ပါဝင်ထားတဲ့ လူငယ်ဒရမ်မာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း မိသားစုအခက်အခဲနဲ့ ငွေကြေးပြဿနာတွေကြောင့် မြို့သစ်တစ်မြို့ကို ပြောင်းလာတဲ့ ဆယ်ကျော်သက်ကျောင်းသားလေး Yun Jae ဟာ ကျောင်းမှာ လူတိုင်းကြောက်ရတဲ့ Se Jun နဲ့ အမှတ်မထင် ရင်းနှီးသွားကြပါတယ်။ အဲဒီနောက်မှာတော့ မိခင်ရဲ့ ဆေးရုံစရိတ်အတွက် ငွေအရေးတကြီးလိုအပ်နေတဲ့ Yun Jae ကို Se Jun က လစာကောင်းတဲ့ အချိန်ပိုင်းအလုပ်တစ်ခု မိတ်ဆက်ပေးခဲ့ပေးပြီး အဲဒီအလုပ်ဟာ ထင်ထားသလို မရိုးရှင်းဘဲ အရွယ်မရောက်သေးတဲ့သူတွေကို ပစ်မှတ်ထားတဲ့ တရားမဝင်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ အလုပ်တစ်ခု ဖြစ်နေပါတော့တယ်။ အဲဒီအချိန် သူတို့နှစ်ယောက် စိတ်ဝင်စားနေတဲ့ Eun Yeong ဆိုတဲ့ ကျောင်းသူလေးဟာ သူတိုနှစ်ယောက်ကြား ဝင်ရောက်လာတဲ့အခါမှာ‌တော့... ခင်မင်မှု၊ အချစ်နဲ့ ပိုင်ဆိုင်လိုစိတ်တွေကြားက သူတို့သုံးယောက်အတွက် ဘယ်လိုအဆုံးသတ်က စောင့်ကြိုနေမလဲဆိုတာကိုတော့ ဒီကျောင်းသားရာဇဝတ်မှုကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size : 1.21GB/ 620MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 42m Genre : Youth, Drama, Crime Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း