ဇာတ်ကားများ ရွေးရန်

Home (Aka) Hjem

2026ဇာတ်ကားအမှတ် 7.8/10105 မိနစ်

Home (2026) ဒီ‌ဇာတ်လမ်းကတော့ ဇာတ်လမ်းဒါရိုက်တာဖြစ်တဲ့ Marijana Janković ရဲ့ ငယ်စဉ်ကဖြစ်ရပ်အကြောင်းကို တကယ့်လက်တွေ့ကိုအခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူမ ငယ်ငယ်က ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ သူနဲ့ သူ့မိသားစုရဲ့အကြောင်းကို ခံစားချက်အစစ်အမှန်ထည့်ပြီး အသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။ Mark နဲ့ သူ့ဇနီးက Yugoslavia က လှပအေးချမ်းတဲ့ လယ်တောရွာတစ်ရွာမှာ နေခဲ့ကြပါတယ်။ သူတို့မှာ 6 နှစ်အရွယ် သမီးလေး Maja နဲ့ Maja ထက်ကြီးတဲ့ အစ်ကိုနှစ်ယောက် စုစုပေါင်း သားသမီး ၃ ယောက်ရှိပါတယ်။ 1991 မှာ နိုင်ငံအတွင်း ပြင်းထန်တဲ့ စစ်ပွဲကြီးပေါ်လာပြီး သူတို့ရဲ့နေအိမ်က မလုံခြုံတော့တာကို သိလိုက်ရပြီးနောက်မှာတော့ သူငယ်ချင်းတစ်ယောက်က Mark ကို Denmark အကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် Mark က စစ်ရှောင်ပြီး ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့အတွက်Denmark ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ၊ ငွေကြေးအခက်အခဲတွေကြောင့် မိသားစုဝင်အားလုံးကို မခေါ်သွားနိုင်တဲ့အချိန်မှာ Mark က သူ့ဇနီးနဲ့ သမီးလေး Maja ကို ခေါ်သွားပြီး သူ့သားလေး နှစ်ယောက်ကို အဆင်ပြေတဲ့အချိန် ပြန်လာခေါ်မယ်ပြောပြီး အဘိုးအဘွားအိမ်မှာ ချန်ထားခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ Denmark ကို ရောက်တဲ့အချိန်မှာ ဘဝက မျှော်လင့်ထားသလို မလွယ်ကူဘဲ ငွေကြေးအခက်အခဲတွေကြောင့် သူတို့သားလေး ၂ ယောက် အချိန်အတန်ကြာအောင် ပြန်မခေါ်လာနိုင်ခဲ့ကြပါဘူး။ ဒီဇာတ်လမ်းက Maja ရဲ့ စစ်ပွဲကနေ မြန်မြန်လွတ်မြောက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကလေးဖြစ်ခဲ့ရတဲ့အတွက် သူ့အစ်ကိုတွေအပေါ် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ အတိတ်ကို မမေ့ပျောက်နိုင်တဲ့ ပြန်ပြင်လို့မရတော့တဲ့ မှတ်ဉာဏ်တစ်ခုကြောင့် သူတို့မိသားစုဆက်ဆံရေး ထာဝရထိခိုက်သွားရတဲ့အကြောင်းကို ရင်ထဲထိအောင် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size… (1.9 GB) / (970 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း