ဇာတ်ကားများ ရွေးရန်

Summer Wars

2009ဇာတ်ကားအမှတ် 7.5/10114 မိနစ်

The Girl Who Leapt Through Time တို့ Wolf Children တို့ Mirai တို့ Belle တို့လို Anime ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Mamoru Hosoda ကြီးရဲ့ ၂၀၀၉ ခုနှစ်တုန်းက ဂန္ဒဝင် Anime တစ်ကားလေးကို ပြန်ပြီး တင်ဆက်ပေးလိုက်ပါရစေဗျာ။ ဒီကားလေးကတော့ ၂၀၀၉ ခုနှစ်ကတည်းကဆိုပေမဲ့ AI လို နည်းပညာမြင့် Cybertechnology တွေကို မိသားစု စည်းလုံးမှုဆိုတဲ့ သံယောဇဉ်မေတ္တာတွေနဲ့ ချိန်ထိုးယှဉ်ပြ တင်ဆက်ပေးထားတာပါ။ ဇာတ်လမ်းတည်ထားတဲ့ ကမ္ဘာကြီးမှာ Oz ဆိုတဲ့ Virtual World ကြီး တစ်ခုရှိတယ် အဲဒါကြီးက ဘယ်လောက်တောင် ကြီးမားလည်းဆိုတော့ သာမန်အသုံးပြုသူတွေတင်မကပဲ ကမ္ဘာတစ်ဝန်းက အစိုးရစနစ်၊ စီးပွားရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေကို ချိတ်ဆက်ထားပေးထားတဲ့ကမ္ဘာကြီးတစ်ခုပေါ့။ ကဲ ဒီတော့ ဇာတ်လမ်းလေးဆက်ပြောရမယ်ဆို သင်္ချာပါရမီရှင် အထက်တန်းကျောင်းသားလေး Kenji ဆိုတဲ့ ဆရာသမားလေးက ကြိတ်သဘောကျနေတဲ့ Senpai မမ Natsuki ကနေ အလုပ်တစ်ခုရှိတယ် လုပ်မလားဆိုတော့ မျက်စိစုံမှိတ် လုပ်မယ်ဆိုပြီး ပါသွားတာ အဲဒါက တကယ်တမ်း ဖြစ်ချင်တော့ Natsuki က နယ်ဖက်က သူ့ဆွေကြီးမျိုးကြီး မိသားစုထဲက ခေါင်းဆောင်ဖြစ်တဲ့ အဘွားဖြစ်သူကို မသေခင် ချစ်သူရည်းစား ထားပါ့မယ်ဆိုပြီး ကတိပေးထားလို့ ဟန်ဆောင်ချစ်သူအဖြစ် မွေးနေ့မှာ ခေါ်သွားတာရယ်။ ဒါနဲ့ လူပေါင်းသောင်းခြောက်ထောင်လောက်ရှိတဲ့ မိသားစုကြီးထဲမှာ Kenji တစ်ကောင် ဟန်ဆောင်နေရင်း တစ်ညမှာ Oz ကွန်ရက်ကြီးရဲ့ လုံခြုံရေးကုဒ် သင်္ချာပဟေဠိတစ်ခုကို မတ်ဆေ့ချ်အနေနဲ့ ရောက်လာတော့ ဘာမှန်းညာမှန်းမသိပဲ ဖြေလိုက်မိရာကနေ Love Machine လို့ခေါ်တဲ့ အဖျက်စွမ်းအားကြီးတဲ့ Rogue AI တစ်ခု နိုးထလာပြီး OZ ကွန်ရက်တစ်ခုလုံးကိုရော ကမ္ဘာ့အခြေခံ စနစ်အားလုံးကိုရော စတင်ဒုက္ခပေးပြီး ဖျက်ဆီးသောင်းကျန်းမှုတွေ စတင်လာတော့ Kenji တစ်ယောက် Natsuki တို့ မိသားစုအုပ်လိုက်ကြီးနဲ့ ဘယ်လိုတွေ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်သွားရမှာပဲ ဖြစ်ပါတယ်...။ ဒါရိုက်တာ Mamoru Hosoda ဆိုတာ လူသားဆန်တဲ့ သံယောဇဉ်၊ မိသားစု မေတ္တာနဲ့ စိတ်ကူးယဉ်/နည်းပညာ ကမ္ဘာတွေကို အလှပဆုံး ပေါင်းစပ်ရိုက်ကူးတတ်တဲ့ ဂျပန် Anime လောကရဲ့ ထိပ်တန်း ဒါရိုက်တာကြီးတစ်ဦးဖြစ်လို့ ဒီကားမှာလည်း ဘယ်လိုပေါင်းစပ်ထားသလဲဆိုတာကို ခံစားလိုက်ကြပါဦးဗျာ...။

ဇာတ်လမ်းအကြောင်း