Wild Card
နစ်ဝိုင်းလ်ဟာ လပ်စ်ဗီးဂတ်ကနေ ထွက်သွားချင်ပေမယ့် မထွက်နိုင်သေးသူပါ။ ဒေါ်လာငါးသိန်းရရင် ငါးနှစ်လောက် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေဖို့ ဒီမြို့ကို စွန့်ခွာမယ်လို့ အမြဲပြောနေတတ်တယ်။ ဒါပေမယ့် လောင်းကစားထဲက မရုန်းထွက်နိုင်ဘဲ အလွတ်တမ်းသက်တော်စောင့် လုပ်လိုက်၊ လောင်းကစားလုပ်လိုက်နဲ့ ငွေကြေးမပြေလည်တဲ့ဘဝကို ဖြတ်သန်းနေရပါတယ်။ သူက အထူးအေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေးမှာတော့ ကျွမ်းကျင်သူပါ။ တစ်နေ့မှာ သူ့သူငယ်ချင်း ဟော်လီဟာ ဂန်းစတားတစ်ယောက်ရဲ့ မုဒိမ်းကျင့်မှုနဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံလိုက်ရတယ်။ ဟော်လီက လက်စားချေဖို့ နစ်ဆီ အကူအညီတောင်းလာပါတယ်။ Jason Statham သရုပ်ဆောင်ထားတဲ့ ဒီအက်ရှင်ကားမှာ နစ်တစ်ယောက် အဲဒီအကူအညီတောင်းခံမှုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း