ဇာတ်ကားများ ရွေးရန်

Mother India

1957ဇာတ်ကားအမှတ် 7.0/10175 မိနစ်

Mother India ဆိုတာ ဒါရိုက်တာကြီး Mehboob Khan ရိုက်ကူးခဲ့ပြီး အိန္ဒိယရုပ်ရှင်လောက (Bollywood) ရဲ့ အကြီးကျယ်ဆုံးသော သမိုင်းဝင် ဂန္ထဝင်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ (Best Foreign Language Film) အော်စကာဆုကိုလည်း Federico Fellini ရဲ့ Nights of Cabiria ရုပ်ရှင်ကို မဲ ၁ မဲတည်း အကွာနဲ့ ကပ်ပြီး ဆုလွဲချော်ခဲ့ရတာက အော်စကာသမိုင်းမှာ အလွန်နာမည်ကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ် မဟုတ်ရင် သမိုင်းတလျှောက် ပထမဆုံးအော်စကာကို ရခဲ့ဦးမှာပါ။ ဇာတ်လမ်းကတော့ ကျေးလက်ဒေသက ဆင်းရဲတဲ့ လယ်သမားမလေး ရာဓာ ရဲ့ ဘဝခရီးစဉ်ကို အဓိကထား ရိုက်ကူးထားတာပါ။ ရာဓာ ဟာ မင်္ဂလာဆောင်စရိတ် အကြွေးတွေကြောင့် မတရား အတိုးခေါင်းပုံဖြတ်တဲ့ ငွေတိုးချေးစားသူ ဆူခီရဲ့ ဖိနှိပ်မှုကို စတင်ခံရပါတယ်။ နောက်ပိုင်းမှာ မတော်တဆမှုကြောင့် ခင်ပွန်းဖြစ်သူ လက်နှစ်ဖက်စလုံး ဆုံးရှုံးသွားပြီး မိသားစုကို ရှက်ရွံ့ကာ ထွက်ပြေးပျောက်ကွယ်သွားတဲ့အခါ... ရာဓာ ဟာ သားနှစ်ယောက်ဖြစ်တဲ့ ရာမူး နဲ့ ဘီရ်ဂျူး တို့ကို တစ်ကိုယ်တည်း လယ်ထွန်ရင်း ခက်ခဲကြမ်းတမ်းစွာ ပြုစုပျိုးထောင်ရင်း နောက်ထပ် ဘယ်လိုတွေ ဘဝခရီးကြမ်းကို သားနှစ်ယောက်နဲ့အတူ ဖြတ်သန်းကျော်ဖြတ်ကြဦးမလဲဆိုတာကို ဖွဲ့နွဲ့ထားတဲ့ ဂန္ဒဝင်လက်ရာမွန် တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီကားရဲ့ အသည်းနှလုံးအချက်အချာကတော့ မင်းသမီးကြီး Nargis ရဲ့ သရုပ်ဆောင်ချက်ပါပဲ။ အသက် ၂၀ ကျော် အရွယ်မှာတင် မင်္ဂလာဦး သတို့သမီးလေး ဘဝကနေ သားသမီးတွေရဲ့ အမေ၊ ထိုမှတစ်ဆင့် သားဖြစ်သူကို ကိုယ်တိုင် စီရင်ပေးမယ့်သက်ကြီးမိခင်ကြီး ဘဝအထိ မျက်နှာအမူအရာ၊ အသံအနေအထားနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတို့ကို အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲ သရုပ်ဆောင်ပြသွားပါတယ်။ Mother India ဆိုတဲ့အတိုင်း ရာဓာ ဆိုတဲ့ ဇာတ်ကောင်ဟာ သာမန်မိခင်တစ်ဦးတင်မကဘဲ အင်္ဂလိပ်လက်အောက်က လွတ်မြောက်လာပြီးနောက် ဆင်းရဲဒုက္ခတွေကြားကနေ ကိုယ့်အားကိုယ်ကိုး ရုန်းကန်နေရတဲ့ "အိန္ဒိယ မိခင်နိုင်ငံတော်ကြီး" ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကိုယ်စားပြုထားတာလည်း ဖြစ်ပါသေးတယ်ဗျာ...။

ဇာတ်လမ်းအကြောင်း