ဇာတ်ကားများ ရွေးရန်

The Odyssey

2026ဇာတ်ကားအမှတ် 5.5/1086 မိနစ်

The Odyssey (2026) ++++++++++ ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy Action ကားတစ်ကားသာ ဖြစ်ပြီး ဒါရိုက်တာ Christopher Nolan ရိုက်ကူးနေတဲ့ ကမ္ဘာကျော် The Odyssey ရုပ်ရှင်မဟုတ်ပါ‌ကြောင်း ဒီကားက ရှေးဟောင်းဂရိကဗျာဆရာဟိုးမားရဲ့ ကမ္ဘာကျော်မဟာဗျူဟာမြောက်စာပေ "The Odyssey" ကို အခြေခံထားပြီး ခေတ်မီရုပ်ရှင်အတတ်ပညာတွေနဲ့ဖန်တီးထားတဲ့ စွန့်စားခန်းဒရမ်မာ (Epic Fantasy / Action Adventure) ရုပ်ရှင်ဖြစ်ပါတယ်။ ထရိုဂျန်စစ်ပွဲအပြီးမှာ အစ်သကာ (Ithaca) နိုင်ငံရဲ့ ဘုရင် အိုဒီးစီးယပ်စ် (Odysseus) ဟာ သူ့ရဲ့ ဇနီး ပန်နယ်လိုပီ (Penelope) နဲ့ သားဖြစ်သူ တယ်လီမာကပ်စ် (Telemachus) တို့ဆီ ပြန်ဖို့ ပင်လယ်ပြင် ခရီးစတင်ခဲ့ပါတယ်။ ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) ရဲ့ အမျက်ဒေါသကြောင့် ခရီးစဉ်ဟာ ၁၀ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ရပါတယ်။ လမ်းခုလတ်မှာ မျက်လုံးတစ်လုံးတည်းပါတဲ့ ဆိုက်ကလော့ပ် (Cyclops) ဘီလူးကြီး၊ မှော်ဆရာမ စာစီ (Circe)၊ သီချင်းသံနဲ့ မျှားခေါ်တတ်တဲ့ဆိုက်ရင်းတွေ (Sirens) စတဲ့ အန္တရာယ်ပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ ဘုရင်ပျောက်ဆုံးနေချိန်မှာ အစ်သကာနန်းတော်ကို သိမ်းပိုက်ပြီး မိဖုရားကို အတင်းအကျပ်လက်ထပ်ဖို့ ကြိုးစားနေကြသူတွေကို အိုဒီးစီးယပ်စ်တစ်ယောက် အသွင်ပြောင်းပုန်းကွယ်ကာ နန်းတော်ဆီ ပြန်လည်ဝင်ရောက်ပြီး တော်လှန်တိုက်ခိုက်ပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီစွန့်စားခန်းတွေကို နှစ်သက်သူတွေ၊ Troy နဲ့ Gladiator လို Epic ကားကြီးတွေကို သဘောကျသူတွေအတွက် ကြည့်ရှုသင့်တဲ့ကားကြီးပါ။ File Size… (1.59GB) / (933MB) Quality…WEB-DL, 1080p HEVC / 720p Format…mkv / mp4 Duration…1h 26m Genre ….Adventure, Action, and Fantasy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း