Grand Theft Auto VI: An Extended Look
Gamer တွေအားလုံး ဆယ်စုနှစ်တစ်ခုကျော် စောင့်မျှော်ခဲ့ရတဲ့ GTA 6 ဟာဆိုရင် ဩဂုတ်လ (၂၇) ရက်နေ့ကပဲ "Extended Look" ဆိုပြီး မိနစ် (၃၀) စာ Gameplay အပြည့်အစုံကို Netflix နဲ့ Rockstar Games တို့ ပူးပေါင်းပြီး ချပြသွားခဲ့ပါပြီ။ အဲဒီနေ့က Netflix ကနေ လွှင့်တဲ့အချိန်မှာ Fan တွေရဲ့ အလုံးအရင်း ဝင်ကြည့်မှုကြောင့် Netflix Server ကြီးတောင် ခဏတာ Crash ဖြစ်သွားတဲ့အထိ Hype တွေ အရမ်းတက်ခဲ့ပါတယ်။ ဒီ Gameplay ဗီဒီယိုကို PS5 ကနေ တိုက်ရိုက် Record လုပ်ပြသွားတာဖြစ်ပြီး မြင်လိုက်ရတဲ့ ရုပ်ထွက်ကတော့ တကယ့်ကို ရူးခါသွားလောက်ပါတယ်။ Ray Traced Global Illumination နဲ့အတူ ဇာတ်ကောင်တွေရဲ့ မျက်နှာသွင်ပြင်၊ အရေပြား၊ ပြီးတော့ Red Dead Redemption 2 (RDR2) လိုပဲ ချွေးထွက်တဲ့ စနစ် (Dynamic sweat system) တွေအထိ အသေးစိတ် လုပ်ပေးထားပါတယ်။ အကြွေဆုံးအချက်ကတော့ NPC တွေရဲ့ လှုပ်ရှားမှုပါပဲ။ Vice City ကမ်းခြေမှာဆိုရင် လူရာနဲ့ချီရှိနေပြီး တစ်ယောက်ချင်းစီက သူတို့ဘာသာ သီးသန့် Animation တွေနဲ့ လှုပ်ရှားနေကြတာပါ။ လူအုပ်ကြီးရဲ့ တုံ့ပြန်မှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေက အရင် ဂိမ်းတွေနဲ့ယှဉ်ရင် အဆပေါင်းများစွာ ပိုပြီး လက်တွေ့ဆန်နေပါတယ်။ ဇာတ်ကောင်တွေဟာ အစားအသောက်စားတာ၊ Gym ဆော့တာ၊ အိပ်ရေးဝ/မဝ တာတွေအပေါ် မူတည်ပြီး ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်သွင်ပြင် ပြောင်းလဲသွားမှာပါ။ ဂိမ်းဟောင်းတွေတုန်းကလို လက်နက်မျိုးစုံကို အိတ်ကပ်ထဲ ကောက်ထည့်ထားလို့ မရတော့ပါဘူး။ RDR2 လိုပဲ ရိုင်ဖယ် (၂) လက် နဲ့ ပစ္စတို (၂) လက်သာ တစ်ခါတည်း သယ်ခွင့်ရမှာပါ။ ကျန်တာတွေကို ကားနောက်ဖုံးမှာ သိမ်းထားရမှာဖြစ်ပါတယ်။ လက်နက်ကို ဘယ်/ညာ ပြောင်းကိုင်လို့ရသလို၊ ရေကူးနေရင်း၊ ကားပြတင်းပေါက်ကနေ တွဲလွဲခိုရင်း ပစ်ခတ်နိုင်တဲ့ Drive-by စနစ်တွေလည်း ပါလာပါတယ်။ အရင်လို ကားမှန်ကိုခွဲပြီး ချက်ချင်းမောင်းပြေးလို့ မရတော့ပါဘူး။ ဇိမ်ခံကားတွေကို ခိုးဖို့အတွက် "Immobilizer Bypass" လို့ခေါ်တဲ့ Minigame လေးတစ်ခုကို ဆော့ပြီးမှ ကားစက်နှိုးနိုင်မှာပါ။ "GTA VI: An Extended Look" ဟာ Gamer တွေ နှစ်ပေါင်း (၁၃) နှစ်ကျော် စောင့်မျှော်ရကျိုး နပ်တယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ Story ရဲ့ အငွေ့အသက်က အမေရိကန်ရဲ့ နေရောင်အလင်းဆုံး နေရာက အမှောင်မိုက်ဆုံး ရာဇဝတ်မှုလောကကို ပြသထားပြီး Action တွေ၊ လုယက်မှုတွေ (Robberies) ကလည်း လုံးဝ ရုပ်ရှင်ဆန်ဆန် အမိုက်စားပါပဲ။ Vice City ရဲ့ မီးရောင်တွေ၊ ထူထပ်တဲ့ လူအုပ်ကြီးနဲ့ အသက်ဝင်နေတဲ့ Leonida ပြည်နယ်ကြီးထဲမှာ လာမယ့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နေ့ကျရင် ကျွန်တော်တို့အားလုံး ရင်ခုန်ရတော့မှာပါ။ File size… 1.69 GB/ 700 MB Quality… Web - DL 4K/ 1080p Format… mp4 Duration…. 26m Genre ..... Gameplay, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း