Barbie as the Island Princess
Barbie as the Island Princess (2007) ဘာဘီ ရုပ်ရှင်တွေထဲမှာနောက်ခံသီချင်းကောင်းကောင်းနဲ့ စကားပြောတတ်တဲ့ တိရစ္ဆာန်လေးတွေပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းကတော့ ငယ်စဉ်ကတည်းက သင်္ဘောပျက်ရာကနေ သာယာလှပတဲ့ သီးခြား ကျွန်းကလေးပေါ် သောင်တင်ခဲ့ပြီး တိရစ္ဆာန် မိတ်ဆွေလေးတွေနဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေးငယ် "ရို" (Ro) အကြောင်းကနေ စတင်ထားတာပါ။ ရို ဟာ စကားပြောတတ်တဲ့ ပန်ဒါနီ၊ ဒေါင်းနဲ့ ဆင်ပေါက်ကလေးတို့နဲ့အတူ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ စွန့်စားရတာကို နှစ်သက်တဲ့ မင်းသားလေး "အန်တိုနီယို"ဟာ အဲ့ဒီ ကျွန်းပေါ်ကို ရောက်ရှိလာခဲ့ပြီး... ရို နဲ့ သူမရဲ့ တိရစ္ဆာန် သူငယ်ချင်းလေးတွေကို သာယာလှပတဲ့ မြို့ပြနန်းတော်ဆီ လိုက်ပါ လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတော့တယ်။ နန်းတော်ဆီ ရောက်သွားတဲ့အခါမှာတော့... နန်းတွင်းက မကောင်းကြံသူတွေရဲ့ ပရိယာယ်တွေကို ရင်ဆိုင်ရင်း ရိုဟာ သူမရဲ့ ပျောက်ဆုံးနေတဲ့ အတိတ်ဘဝကိုပါ ရှာဖွေသွားပုံကိုကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း