Barbie and the Secret Door
Barbie and the Secret Door (2014) ဘာဘီနှင့် လျှို့ဝှက်တံခါးနောက်ကွယ်မှစွန့်စားခန်း ဇာတ်လမ်းကတော့ ရှက်ရွံ့တတ်ပြီး စာအုပ်ဖတ်ရတာကိုပဲ ဝါသနာပါတဲ့ မင်းသမီးလေး "အလက်ဇာ"အကြောင်းကနေ စတင်ထားတာပါ။ သူမဟာ နန်းတွင်းက ကပွဲတွေ၊ မင်းသမီးတာဝန်တွေကို မကျေပွန်ဘဲ စာအုပ်တွေကြားထဲမှာပဲ အချိန်ကုန်လွန်စေလိုသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ နန်းတော် ဥယျာဉ်ထဲမှာ ဝှက်ထားတဲ့ ဆန်းကြယ်လှတဲ့ လျှို့ဝှက် တံခါးတစ်ချပ်ကို တွေ့ရှိသွားခဲ့ပါတော့တယ်။ အဲ့ဒီ တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆန်းကြယ်တဲ့ မော်သတ္တဝါတွေ၊ နတ်သမီးလေးတွေနဲ့ ရေနဂါးမလေးတွေ နေထိုင်ရာကမ္ဘာကြီးဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ကမ္ဘာကြီးကို ရက်စက်ပြီး အတ္တကြီးတဲ့ မင်းသမီးလေး "မလူစီယာ" က အုပ်ချုပ်နေပြီး... တိုင်းသူပြည်သားတွေရဲ့ မော်အစွမ်းတွေကို လိုက်လံ လုယူနေတာကို သိလိုက်ရတဲ့အခါ... အလက်ဇာဟာ သူမရဲ့ သတ္တိနဲ့ မော်တုတ်ကောက်လေးကို အသုံးပြုပြီး ဒီကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုမျိုး ရဲရင့်စွာ ရုန်းကန်သွားမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း