ဇာတ်ကားများ ရွေးရန်

Barbie in the Pink Shoes

2013ဇာတ်ကားအမှတ် 6.9/1075 မိနစ်

Barbie in the Pink Shoes (2013) Giselle နဲ့ Swan Lake လိုမျိုး ကမ္ဘာကျော် ဘဲလေး ဇာတ်လမ်းတွေကို နောက်ခံထားပြီး တိုင်ကော့ဗ်စကီး (Tchaikovsky) ရဲ့ တေးဂီတတွေနဲ့ သက်ဝင်လှပစွာ ရိုက်ကူးထားတဲ့ ဘာဘီအန်နီမေးရှင်းကားကောင်းလေးပါ ဇာတ်လမ်းကတော့ စည်းစနစ် အလွန်ကြီးပြီး ပုံသေ ကကွက်တွေကိုပဲ နှစ်သက်တဲ့ ဘဲလေး သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကချေသည်မလေး "ကရစ္စတင်" အကြောင်းကနေ စတင်ထားတာပါ။ ကရစ္စတင်ဟာ ပုံသေ ကကွက်တွေထက် သူမရဲ့ နှလုံးသားက ခံစားရတဲ့အတိုင်း သဘာဝကျကျ ကပြချင်သူ ဖြစ်တာကြောင့် ဆရာမရဲ့အပြစ်တင်မှုကို အမြဲ ခံရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူမဟာ ဆန်းကြယ်တဲ့ ပန်းရောင် ဘဲလေး ဖိနပ်တစ်စုံကို ဝတ်ဆင်လိုက်မိရာကနေ... သူငယ်ချင်းဖြစ်သူ ဟေလီနဲ့အတူ ဒဏ္ဍာရီဆန်ဆန် ဘဲလေး ကမ္ဘာကြီးဆီ မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့ပါတော့တယ်။ အဲ့ဒီ ကမ္ဘာကြီးမှာ ရက်စက်တဲ့ နှင်းဘုရင်မရဲ့ အုပ်ချုပ်မှုကို စိန်ခေါပြီး သူငယ်ချင်းတွေကို ကူညီဖို့အတွက်... ကရစ္စတင်ဟာ ကိုယ်ပိုင်စတိုင်နဲ့ကကွက်တွေနဲ့ ဘယ်လိုမျိုး အနိုင်ယူမောင်းထုတ်သွားမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း