ဇာတ်ကားများ ရွေးရန်

The Last Scene (Aka) Öngörü

2026ဇာတ်ကားအမှတ် 7.0/1096 မိနစ်

The Last Scene (2026) ဒီဇာတ်လမ်းထဲက Selen ဆိုတဲ့ မိန်းမငယ်လေးက တခြားလူတွေရဲ့ အနာဂတ်ကို ကြိုမြင်ရတဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူက ဆိုးရွားတဲ့အဖြစ်အပျက်တွေကို တားဆီးဖို့အတွက် သူ့ရဲ့အနာဂတ်ကြိုမြင်နိုင်တဲ့ စွမ်းအင်ကို အသုံးချပြီး timeline တွေကို ပြောင်းဖို့ကြိုးစားတတ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ Selen က အနာဂတ်တစ်ခုကို မြင်ခဲ့ပါတယ်။ အဲဒီအနာဂတ်ကတော့ သူသေမယ့်နေ့ရက်နဲ့ ပုံစံအတိအကျပဲ ဖြစ်ပါတယ်။ အဲဒါက ဝေးကွာနေတဲ့ အဖြစ်အပျက်တစ်ခုမဟုတ်ဘဲ အတိအကျ 198 ရက်သာခြားတဲ့ အချိန်အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ Selen က Kemal ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့တွေ့ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ အတိတ်က အဖြစ်ဆိုးစိတ်ဒဏ်ရာတွေကြောင့် အချင်းချင်း နှစ်‌သိမ့်အားပေးကုစားကြရင်း တစ်ယောက်အပေါ်တစ်ယောက် မေတ္တာရှိလာကြပါတယ်။ ဒါပေမဲ့ Kemal က Selen ရဲ့ သေဆုံးမှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့သူဖြစ်တာကို Selen သိလိုက်ရချိန်မှာတော့ Kemal အပေါ် ထားတဲ့အချစ်နဲ့ သေချာနေတဲ့ သူ့ရဲ့ အနာဂတ်အဖြစ်ဆိုးကြီးကြား ဘယ်အရာကိုရွေးချယ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.9 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:36:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း